ဗုဒ္ဓသမဏမုဒြာ

From Wikipedia, the free encyclopedia

ဗုဒ္ဓသမဏမုဒြာ
Remove ads

ဘုရား ရဟန္တာများ နှုတ်ဆက်သောဟန် ဖြစ်သည်။

Thumb

လက်ျာလက်သည် ပခုံးစွန်းနှင့် အညီထား၍ လက်ကောက်ဝတ်ကို နောက်သို့ ကွေးထားပြီးလျှင် လက်ချောင်းများကို ဖြန့်ထားကာ လက်ဝါးကို အပေါ်သို့ လှန်ထားသည့်ဟန်ကို ဗုဒ္ဓသမဏမုဒြာ ဟူ၍ သတ်မှတ်ထားပေသည်။

တဦးနှင့်တဦး တွေ့ဆုံသောအခါ နှုတ်ဆက်စကား ပြောကြားလိုသော အမူအရာမျိုးကို ပြလိုခြင်း ဖြစ်သည်။ ဖော်ရွေသောသဘော, ဖိတ်မန္တကပြုသော သဘောအဓိပ္ပါယ်ကို ဆောင်သည်။

တခါတရံလက်ျာလက်သည် ဦးခေါင်းနှင့်အညီ ထောင်ကာ လက်ဝါးကိုအပေါ်သို့ လှန်ထား၍ လက်ချောင်းများကို ပြင်ဘက်သို့ ဖြန့်ပြထားသောဟန်မျိုးဖြင့် တွေ့ရသည်မှာလည်း ဤဗုဒ္ဓသမဏမုဒြာပင် ဖြစ်ပေသည်။

ဤပုံစံဟန်မျိုးဖြင့် ဝသုဓာရာနတ်သမီးရုပ်, ဥဏှီသဝိဇဋာနတ်သမီးရုပ်များကို တွေ့ရှိရလေသည်။

သမဏာနဉ္စ ဒဿနမင်္ဂလာ, ပဏ္ဍိတာနဉ္စ သေဝနမင်္ဂလာ, သုဘာသိတာ ယာ ဝါစာ မင်္ဂလာများကို သရုပ်ဆောင် ပြထားပေသည်။

သိင်္ဂါရ ရသ, သန္တရသတို့ကို ပေါ်လွင်စေသည်။

မေတ္တာပါရမီ စခန်းသို့ ညွှန်ပြထားပေသည်။ []

[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads