ဗုဒ္ဓဟူးနေ့
From Wikipedia, the free encyclopedia
Remove ads
ဗုဒ္ဓဟူး ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်သည်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။
ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကိုလှီးလွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင်သည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် ၏။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပာယ်ကောက်သည်။[၁]
Remove ads
ဂြိုဟ်အဆင်းအရောင်
- ဂြိုဟ်သက် (၁၇)နှစ်၊
- ဆင်၊
- တောင်အရပ်၊
- သောမဂြိုဟ်၊
- အစိမ်း၊ အညို၊ အစိမ်းရောသောအဆင်း၊
- လ၊ ဝ၊ ယ၊ ရ
- ကဒူးလူမျိုး
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads