ဗျာချာနမုဒြာ

From Wikipedia, the free encyclopedia

ဗျာချာနမုဒြာ
Remove ads

တရားဓမ္မကို ဟောပြနေဟန် ဖြစ်သည်။

Thumb

လက်ဝဲလက်ကို ဒူးပေါ်တင်ထားပြီးလျှင် လက်ျာလက်ကို ရင်ဘတ်ဆီသို့ ချီမြှောက်ထားသည်။ လက်မနှင့် လက်ညှိုးများကို ပြင်ဘက်သို့ ထိုးပြထားသည်။ အခြားလက်ချောင်းများကို အတွင်းသို့ ကွေး ထားသည်။ လက်မထိပ်နှင့် လက်ညှိုးထိပ်မှာ မထိချေ။ လက်ဝါးကို ဖူးမြင်လာသူအား လှန်ပြထားသည်။ တခါတရံ လက်မထိပ်နှင့် လက်ညှိုးထိပ်ကို ထိထားပြီးလျှင် ကွင်း၍ ပြထားသော ဗျာချာန မုဒြာမျိုးလည်း ရှိသေးသည်။

အာဒေသနာပါဠိဟာရိယကို ပြတော်မူသည့် အနက်သဘောကို ဆောင်လေသည်။

ဓမ္မဿဝနမင်္ဂလာ, ဓမ္မသာကစ္ဆာမင်္ဂလာ, ဗာဟုသစ္စမင်္ဂလာ, သုဘာသိတမင်္ဂလာ, သောဝစဿတာမင်္ဂလာ, ဓမ္မေသု အပ္ပမာဒမင်္ဂလာများကို သဏ္ဌာန်ဆောင်ထားသော လက်ဟန်မျိုး ဖြစ်သည်။

သန္တရသ, ဝိမုတ္တိရသ, အဗ္ဘုတရသတို့ကို ပေါ်လွင်စေသည်။

ပညာပါရမီ, သစ္စာပါရမီ, မေတ္တာပါရမီ စခန်းများသို့ ညွှန်ပြလျက်ရှိပေသည်။

ပုဂံအာနန္ဒာဘုရားတွင် လိုဏ်ဂူအမှတ်စဉ်-၅၀-တွင် ဃဋိကာရဗြဟ္မာနှင့် ဆန္နအမတ်တို့အား တရားဟောပြနေပုံကို ဗျာချာနမုဒြာဟန်ဖြင့် တွေ့ရပါသည်။

အာနန္ဒာလိုဏ်ဂူအမှတ်-၅၆ များတွင်ရှိ ဂေါတမရဟန်းနှင့် ဥဒက, အာဠာရရသေ့တို့ တရာ ဆွေးနွေးခန်းများတွင်လည်း ထိုင်လျက်ပင် ဗျာချာနမုဒြာဖြင့် တွေ့ရှိရပါသည်။

တရားဟော ဓမ္မကထိကများ, မင်းဆရာပုရောဟိတ်များ ရှေ့နေ ရှေ့ရပ်များ တရားသူကြီးများ ဗေဒင် နက္ခတ်ဆရာများ ဒိသာပါမောက္ခကြီးများစသည့် ဟောပြောမှုဆိုင်ရာ လုပ်ငန်းများဖြင့် သက်မွေး ဝမ်းကျောင်းပြုသူများသည် ဤဗျာချာနမုဒြာပါသောပုံတော်မျိုးကို ကိုးကွယ်ရမည်။ တရားနာပရိသတ် စည်ကားခြင်း, ဟောပြောမှုတွင် ထင်ရှားကျော်ကြားခြင်း, ပြောသမျှ အောင်မြင်၍ ကိစ္စပြီးခြင်း, မိမိအသံစကားကြားရသူတိုင်း မိမိအား ချစ်ခင်မြတ်နိုးခြင်း စသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖော်ပြထားပါသည်။ []

[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads