ဗြာဟ္မဏသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] -ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဗြာဟ္မဏတို့၏ ဥဒယ ဂါမိနီ (ကြီးပွားတိုးတက်ရေးအတွက်) ပဋိပဒါနှင့် အရိယာဖြစ်တော်မူသော မြတ်စွာဘုရားရှင် သာသနာတော်၌ ဥဒယဂါမိနီပဋိပဒါ ပညတ်ပုံ ခြားနားချက်ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပပြုအပ်ပြီးသော မကောင်းမှု တရားခုနစ်မျိုးရှိသောကြောင့် ဗြာဟ္မဏမည်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်မဟာကစ္စာန၊ အရှင်မဟာကောဋ္ဌိက၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာစုန္ဒ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရေဝတ၊ အရှင်နန္ဒထေရ်တို့ မိမိထံကြွလာနေကြသည်ကို တွေ့မြင်တော်မူခြင်းကြောင့် “ဤ ဗြာဟ္မဏတို့ လာနေကြကုန်၏”ဟုမိန့်တော်မူရာ ဗြာဟ္မဏဇာတ်ရှိသော ရဟန်း တစ်ပါးက ဗြာဟ္မဏ-ဗြာဟ္မဏကာရကဓမ္မတို့ကို မေးလျှောက်ခြင်းကြောင့် “ဗာဟိတွာ” အစရှိသော ဂါထာဖြင့် ဘုရားရှင် ဥဒါန်းကျူးရင့်တော်မူပုံကို ပြဆိုသည့်သုတ်။
အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များစွာရှိပါသည်။ [၄]
ဗြာဟ္မဏသုတ်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အပပြုအပ်ပြီးဖြစ်သော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၅]
Remove ads
ဗြာဟ္မဏသုတ်
အပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏ မည်၏။ [၅]
- ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို အပပြုအပ်ပြီး ဖြစ်၏။
- မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အပပြုအပ်ပြီး ဖြစ်၏။
- ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို အပပြုအပ်ပြီး ဖြစ်၏။
- စွဲမက်မှု ‘ရာဂ’ ကို အပပြုအပ်ပြီး ဖြစ်၏။
- အမျက်ထွက်မှု ‘ဒေါသ’ ကို အပပြုအပ်ပြီး ဖြစ်၏။
- တွေဝေမှု ‘မောဟ’ ကို အပပြုအပ်ပြီး ဖြစ်၏။
- ထောင်လွှာမှု ‘မာန’ ကို အပပြုအပ်ပြီး ဖြစ်၏။ [၅]
ရဟန်းတို့ ဤအပပြုအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့် ဗြာဟ္မဏမည်၏ ဟု(မိန့်တော်မူ၏)။[၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads