ဗြာဟ္မီအရေးအသား
From Wikipedia, the free encyclopedia
Remove ads
အိန္ဒိယတိုက်၏ ရှေးအကျဆုံးသော အရေးအသားမှာ အိန္ဒုမြစ်ဝှမ်း ကျောက်စာအရေးအသားဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၅၀၀ ခန့်က ရေးသားခဲ့ခြင်းဖြစ်ပြီး အရုပ်စာအရေးအသားမျိုးဖြစ်သည်။ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၇၀၀ အထိ တည်ရှိခဲ့သည်။ ယင်းကာလမှစ၍ ခရစ်တော်မပေါ်မီ ၅၀၀ လောက်အထိအတွက်မူ အရေးအသားများနှင့် ပတ်သက်၍ ရှာဖွေမတွေ့ကြသေးပေ။
၃-ရာစု ဘီစီသို့ ရောက်သောအခါ အသောက ကျောက်စာများကို အရေးအသား ၂-မျိုးဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းအရေးအသား ၂-မျိုးမှာ ဗြာဟ္မီနှင့် ခရောၑ္ဌီ (ခရောသျှဌီ)တို့ပင် ဖြစ်သည်။
ဗြာဟ္မီအရေးအသားမှာ ဗျည်းနှင့် သရများကို အသုံးပြု၍ ရေးသာ အရေးအသားတစ်မျိုးပင်ဖြစ်သည်။ ဘယ်မှညာသို့သွားသော အရေးအသားဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အိန္ဒိယတိုက်တစ်တိုက်လုံးတွင် အသုံးပြုကြောင်းတွေ့ရသည်။

Remove ads
ဗြဟ္မီအက္ခရာအရေးအသား
အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ။ ဦးစံသာအောင်။ ပကြိမ်။ နိုဝင်ဘာ၊ ၁၉၇၄။ ဥမ္မာအောင်စာပေ။ ရန်ကုန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads