ဗွီဒီယိုဖရိမ်

မြန်မာစကား From Wikipedia, the free encyclopedia

Remove ads

ရုပ်ရှင်ထုတ်လုပ်ခြင်း (filmmaking)၊ ဗွီဒီယိုထုတ်လုပ်ခြင်း (video production) နှင့် ကာတွန်းရုပ်ရှင်ထုတ်လုပ်ခြင်း (animation) စသည့် ပညာရပ်များတွင် ဗွီဒီယိုဖရိမ် (video frame) ခေါ် ဖလင်ဖရိမ် (film frame) ဟူသည်မှာ လှုပ်ရှားနေသော ရုပ်ရှင်ဗွီဒီယို အစဉ်အတန်းများထဲတွင် ရှိနေသည့် ရုပ်သေပုံရိပ် (still image) တစ်ခုခုကို ဆိုလိုသည်။ ရုပ်ရှင်ဖလင်များတွင် ရုပ်သေပုံရိပ် များကို ဖလင်ကွက်တစ်ကွက်ချင်းစီတွင် မှတ်သားပုံဖော်ထားခြင်း ဖြစ်သည်။

ရုပ်ရှင်ပြသသောအခါ၌ အဆိုပါရုပ်သေဓာတ်ပုံများသည် အချိန်တိုအတွင်း တစ်ပုံပြီးတစ်ပုံ လျင်မြန်စွာ ပြသသောကြောင့် လှုပ်ရှားနေသော ရုပ်ရှင်အဖြစ် မြင်သိခံစားနိုင်ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်သေပုံတစ်ပုံကို ပြသသောအချိန်မှာ တစ်စက္ကန့်၏ အပုံ ၂၄ ပုံ တစ်ပုံ၊ ၂၅ ပုံ တစ်ပုံ မှသည် အပုံ ၃၀ ပုံ တစ်ပုံ အထိ အစားစားရှိသည်။ သို့ဖြစ်၍ အဆိုပါ ဗွီဒီယိုဖရိမ်ခေါ် ဖလင်ဖရိမ်များကို တစ်ရစပ် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြသသောကြောင့် အလင်းဓာတ်ထင်ယောင်ထင်မှားဖြစ်မှု (Optical illusions) ကြောင့် ရုပ်ပုံများ လှုပ်ရှားနေဘိသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။

Remove ads

ဆက်စပ်ကြည့်ရှုရန်

  • ရုပ်သွင်အချိုး
  • ဖရိမ်နှုန်း
  • ဖလင်ပုံစံ

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads