ဘဒ္ဒါလိသုတ်

From Wikipedia, the free encyclopedia

Remove ads

ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဆွမ်းတစ်ထပ်တည်းသာ ဘုဉ်းပေးတော်မူခြင်း၏အကျိုးတို့ကို မိန့်တော်မူပြီး တစ်ထပ်တည်းသာ ဘုဉ်းပေးကြရန် မိန့်ကြားတော်မူပါသည်။ ထိုအခါ ဘဒ္ဒါလိရဟန်းက တစ်ထပ်တည်းမစားနိုင်ကြောင်း ကန့်ကွက်လျှောက်ထားပါသည်။ ဘုရားရှင်က ဝိကာလဘောဇနသိက္ခာပုဒ်တော်ကို ပညတ်တော်မူပါသည်။ အရှင်ဘဒ္ဒါလိသည် သုံးလပတ်လုံး ဘုရားရှင်နှင့် လုံးဝ အတွေ့မခံတော့ပေ။

အလှူရှင်တို့က ဘုရားရှင်အား သင်္ကန်းစလှူသည့်အတွက် သင်္ကန်းချုပ်နေသော ရဟန်းတို့အထံသို့ရောက်လာသော ဘဒ္ဒါလိထေရ်အား ဘုရားရှင်ကို အပြစ်ကို ဝန်ချ၍ တောင်းပန်ကန်တော့ရန် ရဟန်းတို့က တိုက်တွန်းကြပါသည်။

ဘဒ္ဒါလိက ကောင်းပါပြီဟု ဝန်ခံ၍ ဘုရားရှင်ထံသွားရောက်ပြီး ဝန်ချတောင်းပန် ကန်တော့ပါသည်။ ဘုရားရှင်က သာဝတ္ထိမြို့တော်၌ ဘုရားရှင်၊ သံဃာတော်များ၊ ဥပါသကာ ဥပါသိကာများ၊ တိတ္ထိများတို့ “ဘဒ္ဒါလိရဟန်း သိက္ခာပုဒ်တော်ကို မလိုက်နာ၊ မဖြည့်ကျင့်”ပုံကို သိရှိကြပုံ။

ဥဘတောဘာဂဝိမုတ္တ-အစုရှိသော အရိယာပုဂ္ဂိုလ် ခုနစ်မျိုးတို့ သောဝစဿတာဂုဏ်နှင့် ပြည့်စုံကြပုံ၊ ဘဒ္ဒါလိရဟန်း၏ သောဝစဿတာဂုဏ် မရှိသောကြောင့် အရိယာပုဂ္ဂိုလ်မဖြစ်ဘဲ ရိတ္တ, တုစ္ဆဖြစ်ပုံ။

ဤသာသနာတော်၌ သိက္ခာကို မဖြည့်ကျင့်ဘဲ တောရကျောင်းများ၌ သွားရောက်နေထိုင်သော်လည်း အရိယာပုဂ္ဂိုလ် မဖြစ်နိုင်ပုံ။

သိက္ခာကိုဖြည့်ကျင့်သောပုဂ္ဂိုလ် တောရကျောင်းများ၌ သွားရောက်နေထိုင်၍ တရားအားထုတ်မူ အရိယာဖြစ်နိုင်ပုံ။ ဈာန်၊ အဘိညာဉ်ရ၍ ရဟန္တာဖြစ်နိုင်ပုံတို့ကို မိန့်ကြားတော်မူပါသည်။

ဘဒ္ဒါလိရဟန်း၏ လျှောက်ထားချက်အရ အချို့သော ရဟန်းအား နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုပြုသောအကြောင်း၊ မပြုသောအကြောင်းတို့ကို ရှင်းလင်း ဟောကြားတော်မူပါသည်။

ဆက်လက်၍ မေးလျှောက်ချက်အရ သိက္ခာပုဒ်နည်းလျက် ရဟန်းတော် အများတို့ အရဟတ္တဖိုလ်တည်ခြင်း၊ သိက္ခာပုဒ်တွေများနေပြီး အရဟတ္တဖိုလ်တည်သော ရဟန်း နည်းပါးခြင်းအကြောင်း၊ သိက္ခာပုဒ် ပညတ်တော်မူရာအခါ ပညတ်တော်မမူ သေးရာအခါတို့ကို ရှင်းလင်းမိန့်ကြားတော်မူပါသည်။

အာဇာနည်မြင်းငယ် ဥပမာရှိသော တရားဟောတော်မူပုံ၊ အာဟုနေယျ၊ ပါဟုနေယျ၊ ဒက္ခိဏေယျ၊ အဉ္ဇလိကရဏီယ၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿဂုဏ်တော်တို့နှင့်ပြည့်စုံသော အရိယာရဟန်းတော်၌ ပြည့်စုံသည့် တရားဆယ်ပါးတို့ကို ဘဒ္ဒါလိရဟန်းအား အကျယ်တဝင့် ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပြည့်စုံစွာပါရှိပါသည်။ [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads