ဘန်ကောက်မြို့၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

From Wikipedia, the free encyclopedia

ဘန်ကောက်မြို့၏ အုပ်ချုပ်ရေး နယ်မြေဒေသများ
Remove ads

မြို့တော်ဘန်ကောက်ကို ထိုင်းစကားဖြင့် "‌‌‌ခေတ်" (khet ၊ เขต ၊ အသံထွက် [kʰèːt]) လို့ခေါ်တဲ့ မြို့နယ် (၅၀) ခုဖြင့် ဖွဲ့စည်းထားသည်။ "‌‌ခေတ်" ဟူသည့် စကားလုံးသည် ပါဠိစကား "ခေတ္တ" မှဆင်းသက်လာပြီး သက္ကတဘာသာစကား Ksetra (ခေတ္တရာ)နှင့် ဆင်တူသည်။ မြန်မာနိုင်ငံတွင် သရေခေတ္တရာ (Sri Ksetra) နာမည်ဖြင့် ပျူမြို့ ရှိခဲ့သည်။ မြို့နယ် (၅၀) ခုကို ရပ်ကွက် (၁၈၀) ဖြင့် အုပ်ချုပ်ရေးအရ ပြန်လည်ပိုင်းခြားသည်။

ဤအမည်နာမများသည် ဘန်ကောက်မြို့တော်၏ ပြည်ထဲရေးဆိုင်ရာ အုပ်ချုပ်မှုယူနစ်များကို ခေါ်ဆိုခြင်းဖြစ်သည်။ ဘန်ကောက်မြို့တော်သည် ထိုင်းနိုင်ငံ၏ ကျန်ခရိုင်အဆင့်များကဲ့သို့ "จังหวัด" (ကျန်ဝတ်) အဆင့်အတန်း မဟုတ်ဘဲ၊ ၎င်းကိုယ်တိုင် အထူးအုပ်ချုပ်ရေးဒေသတစ်ခုအဖြစ် ရပ်တည်သည်။

ထို့ကြောင့် ဘန်ကောက်မြို့တော်အတွင်းရှိ အုပ်ချုပ်ရေးဆိုင်ရာ ဒေသအပိုင်းအခြားများကို "อำเภอ" (အမ်ဖေါ/မြို့နယ်) စကားလုံးအစား "เขต" (ခေတ်/မြို့နယ်) ဟု ခေါ်ဆိုပြီး၊ "เขต" (ခေတ်/မြို့နယ်) တစ်ခုစီကို ထပ်မံ၍ "แขวง" (ခွင်/ရပ်ကွက်) များအဖြစ် ပိုင်းခြားထားပါသည်။

Thumb
ဘန်ကောက်မြို့၏ မြို့နယ် ၅၀ ခုကို ပြသသော မြေပုံ
နောက်ထပ် အချက်အလက်များ ခရိုင် (ခေတ်), အင်္ဂလိပ်နာမည် ...
Thumb
ဘန်ကောက်၏ ခရိုင်များနှင့် ခရိုင်ခွဲများ
Remove ads

ဆက်လက် ဖတ်ရှုရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads