ဘန်ဂလိုမြို့

From Wikipedia, the free encyclopedia

ဘန်ဂလိုမြို့
Remove ads

ဘန်ဂလိုမြို့သည် အိန္ဒိယနိုင်ငံ ကာနတကပြည်နယ်၏ မြို့တော် ဖြစ်သည်။ ဘန်ဂလူရူးမြို့ ဟုလည်း ခေါ်ကြသည်။ ဒက်ကန် ကုန်းပြင်မြင့်တွင် တည်ရှိပြီး ကာနတကပြည်နယ်၏ အရှေ့တောင်ပိုင်းတွင် ရှိသည်။ ဘန်ဂလိုမြို့သည် အိန္ဒိယနိုင်ငံ၏ တတိယမြောက် လူဦးရေ အများဆုံးမြို့ နှင့် ပဉ္စမမြောက် လူဦးရေ အများဆုံး မြို့ပြဒေသ ဖြစ်သည်။ ဘန်ဂလိုမြို့သည် အိန္ဒိယနိုင်ငံ အိုင်တီ ကဏ္ဍနှင့် ပတ်သက်၍ နာမည်ကြီးသော အချက်အချာ ဒေသတစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်ရှိ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တို့အတွက် အသင့်လျော်ဆုံးသော နေရာ ၁၀ ခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။

Thumb
ဘန်ဂလိုမြို့ မြင်ကွင်း
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads