ဘာစီလိုနာ ဘောလုံးအသင်း

ဘောလုံးကလပ် From Wikipedia, the free encyclopedia

ဘာစီလိုနာ ဘောလုံးအသင်း
Remove ads

ဘာစီလိုနာ ဘောလုံးအသင်းသည် စပိန်ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်ပြီး စပိန်နိုင်ငံကက်တလိုနီးယားဒေသရှိ ဘာစီလိုနာမြို့ တွင် အခြေစိုက်ကာ ဒေသအရပ်အခေါ်အဝေါ်အားဖြင့် ဘာဆာ (Barca') အမည်ဖြင့် ကျော်ကြားသည်။ ၎င်းသည် လာ လီဂါ တွင် ကစားပြီး အောက်တန်းသို့ မဆင်းရသော အသင်း ၃ သင်းတွင် တစ်သင်း အပါအဝင်ဖြစ်သည်။

အချက်တိုများ အသင်းအမည်, အခြားအမည် ...

ဘာစီလိုနာ ဘောလုံးအသင်းကို ၁၈၉၉ ခုနှစ်တွင် ဂျုံး ဂန့်ပါ ဦးဆောင်သော ဆွစ်ဇာလန်၊ အင်္ဂလိပ်နှင့် စပိန် ဘောလုံးသမားများက တည်ထောင်ခဲ့သည်။ ဘာစီလိုနာ ဘောလုံးကလပ်သည် ကတ်တလန် ယဉ်ကျေးမှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ အခြား ဘောလုံးကလပ်များနှင့် မတူညီသည့် အချက်မှာ အသင်း၏ ပရိသတ်များက အသင်းကို ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ အမြတ်အစွန်း အားဖြင့် ကြည့်လျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အချမ်းသာဆုံး ဘောလုံးကလပ်ဖြစ်ပြီး နှစ်စဉ်လည်ပတ်နေသည့် ငွေပမာဏမှာ ယူရိုဒေါ်လာ ၃၉၈ သန်းမျှ ရှိသည်။[][] အချိန်ကာလ ရှည်လျားစွာပင် ရီးယဲလ် မဒရစ် အသင်းနှင့် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ထိုအသင်းနှစ်သင်း ယှဉ်ပြိုင်သောပွဲကို အယ်ကလာစီကို (El Clásico) ဟု ရည်ညွှန်းလေ့ ရှိသည်။[]

ဘာစီလိုနာ ဘောလုံးအသင်းသည် စပိန်ဘောလုံးတွင် ရရှိသော ဆုတံဆိပ်အားဖြင့် ဒုတိယမြောက် အအောင်မြင်ဆုံး အသင်းဖြစ်သည်။ လာလီဂါ ချန်ပီယံ ၂၅ ကြိမ်ရရှိခဲ့ပြီး စံချိန်အဖြစ် ကိုပါဒယ်ရေး ၃၀ ခု၊ စပိန်စူပါဖလား ၁၃ ခု ခုရရှိခဲ့သည်။ ဥရောပရှိ အောင်မြင်သော ဘောလုံးအသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ပြီး ယူအီးအက်ဖ်အေ ပြိုင်ပွဲတွင် ဆယ်ကြိမ်မျှ အနိုင်ရခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်မှစ၍ ရာသီတိုင်းတွင် ဥရောပပြိုင်ပွဲကို ကစားနိုင်သော တစ်ခုတည်းသော အသင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဘာစီလိုနာသည် စပိန်တွင် ပထမဆုံး အကြိမ် အဖြစ် လာလီဂါ၊ ကိုပါဒယ္ေရး နှင့် ချန်ပီယံလိဂ် ဖလားသုံးခုကို တစ်နှစ်တည်းတွင် ဆွတ်ခူးနိုင်ခဲ့သည်။ ထိုနှစ်တစ်နှစ်တည်းမှာပင် တစ်နှစ်အတွင်း ဖလား ခြောက်ခု ကစားပြီး ခြောက်ခုစလုံး ရရှိသည့် အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ အခြား ဖလား ၃ ခုမှာ စပိန် စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား နှင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ဖြစ်သည်။ ဘာစီလိုနာသည် ၂၀၁၄-၁၅ခုနှစ် ၎င်းတို့၏ ၅ခုမြောက် ချန်ပီယံလိဂ်ဖလားအား ရယူခဲ့သည်။ ဗိုလ်စွဲခဲ့ရာတွင် ဆီမီးဖိုင်နယ်၌ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅ - ၃ ဖြင့် အနိုင်ယူ၍ ဖိုင်နယ်သို့တက်ခဲ့ပြီး ဗိုလ်လုပွဲတွင် အီတလီ ချန်ပီယံ ဂျူဗင်တပ် အသင်းအား အိုင်ဗန်ရာကီတစ်၊ လူးဝစ်ဆွာရက်၊နေမာ တို့၏ သွင်းဂိုးများဖြင့် ၃-၁ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads