ဘာဝနာသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် သတိပဋ္ဌာန် လေးပါးပွားများပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် (ဗောဓိပက္ခိယ) ဘာဝနာကို မပွားများ အားမထုတ်ဘဲ အာသဝေါတရားတို့မှ စိတ်လွတ်မြောက်လိုသော်လည်း ဘာဝနာကို မပွားများ အားမထုတ်ခြင်းကြောင့် အာသဝေါတရားတို့မှ စိတ်မလွတ်မြောက်နိုင်ပုံကို ကြက်ဥမှ ကြက်ငယ်မပေါက်နိုင်ပုံဥပမာဖြင့်လည်းကောင်း။

ဘာဝနာကို အားထုတ်နေလျက် အာသဝတို့မှ စိတ်ကိုလွတ်မြောက်စေလိုမှု မရှိသော်လည်း အာသဝတို့မှ စိတ်လွတ်မြောက်နိုင်ပုံကို ကြက်ဥမှ ကြက်ငယ်ပေါက် နိုင်ပုံ ဥပမာဖြင့်လည်းကောင်း။

ဘာဝနာကို ပွားများနေသောရဟန်းအား အာသဝေါတရာတို့ ကုန်ခန်း သွားပုံကို ပဲခွပ်ရိုးတိုသွားပုံကိုသိသော ဥပမာဖြင့်လည်းကောင်း။

ဘာဝနာကို ပွားများအားထုတ်နေသော ရဟန်းသည် (မပင်ပန်း) မခက် ခဲဘဲ သံယောဇဉ်တရားတို့ ငြိမ်းအေးနိုင်ပုံ၊ ဆွေးမြေ့သွားပုံကို လှေကိုထုတ်ထားသော ကြိမ်တို့ လျင်မြန်စွာဆွေးမြေ့နိုင်ပုံကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

“အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်အကျယ်ကို လေ့လာနိုင်ပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads