အရှေ့ရောမ ဧကရာဇ်နိုင်ငံ

From Wikipedia, the free encyclopedia

အရှေ့ရောမ ဧကရာဇ်နိုင်ငံ
Remove ads

ဘိုင်ဇန်တိုင်း အင်ပိုင်ယာ သို့မဟုတ် အရှေ့ရောမ အင်ပိုင်ယာဆိုသည်မှာ ရောမအင်ပါယာ၏ ဂရိဘက်ပိုင်း အခြမ်း ဖြစ်ပြီး အလယ်ခေတ်တိုင်အောင် ကြွင်းကျန်ရစ်ခဲ့သော အပိုင်းဖြစ်သည်။ ၎င်း၏ မြို့တော်မှာ ကွန်စတန်တီနိုပယ်လ် ဖြစ်ပြီး ယနေ့ခေတ် တူရကီနိုင်ငံ အစ်စတန်ဘူလ်မြို့ နေရာ ဖြစ်သည်။ အနောက် ရောမအင်ပိုင်ယာနှင့် မတူသော အချက်မှာ ထိုဒေသတွင် နေထိုင်သူများသည် ဂရိဘာသာစကားကို အသုံးပြုကြပြီး လက်တင်ဘာသာ စကားကို မသုံးကြပေ။ အများအားဖြင့် ဂရိယဉ်ကျေးမှုနှင့် အမှတ်သညာ အများအပြား ရှိရာ နေရာပင် ဖြစ်သည်။

အချက်တိုများ Byzantine Empire, မြို့တော် ...
Remove ads

အင်ပိုင်ယာ စတင်ခြင်း ၃၃၀-၄၇၆ အေဒီ

ရောမအင်ပိုင်ယာ၏ ဘုရင် ကွန်စတန်တိုင်း ၁ သည် ရောမအင်ပိုင်ယာ၏ မြို့တော်ကို ဘိုင်ဇန်တီယန်း သို့ ရွှေ့ပြောင်းခဲ့ပြီး ကွန်စတန်တင်နိုပယ်လ်ဟု အမည်သစ် ပေးခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသော အခါတွင် ရောမကို ဂျာမန်တို့ သိမ်းယူပြီးသည့် အခါတွင် ရောမအင်ပိုင်ယာကို ကွန်စတန်တီနိုပယ်လ်သို့ ရွှေ့ပြောင်းလာခဲ့ပြီး အင်ပိုင်ယာ အသစ် မွေးဖွားလာခဲ့သည်။ အင်ပိုင်ယာအသစ် တွင် မူလပထမ ရောမအင်ပိုင်ယာနှင့် နှိုင်းယှဉ်ပါက နယ်မြေမှာ ပို၍ ကျဉ်းမြောင်းသည်။

Remove ads

အင်ပိုင်ယာ ဒုက္ခတွေ့ကြုံချိန် ၄၇၆-၇၁၇ အေဒီ

အနောက်ဘက်မှစစ်ပွဲများ

ဘိုင်ဇန်တိုင်း အင်ပိုင်ယာသည် ရောမနှင့် အီတလီ တို့ကို ဂျာမန်တို့ထံမှ ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ အေဒီ ၅၀၀ နှင့် ၆၀၀ ကြားတွင် ဘိုင်ဇန်တိုင်းတို့သည် စစ်ပွဲများစွာကို အောင်မြင်ခဲ့ပြီး ရောမကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

သို့သော် ထိုအောင်မြင်မှုများမှာ ကြာရှည်မခံခဲ့ပေ။ ဂျာမန်တို့ ထပ်မံရောက်ရှိလာခဲ့ပြီဂ နောက်ဆုံးတွင် အီတလီနှင့် ရောမကို ထပ်မံ၍ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ပိုဆိုးသည်မှာ အေဗာ တို့က ဘူလ်ဂေးရီးယားနှင့် ဂရိတို့ကို ဘိုင်ဇန်တိုင်းတို့ထံမှ သိမ်းယူခဲ့သည်။ စစ်ပွဲအနည်းငယ် အပြီးတွင် အေဗာ တို့က ဂရိမြောက်ပိုင်းနှင့် ဘူလ်ဂေးရီးယားကို အောင်နိုင်ခဲ့သည်။ ထိုအေဗာတို့ကို နောက်တွင် ဘူလ်ဂေးရီးယား လူမျိုးများ ဟု ခေါ်ကြသည်။

အရှေ့ဘက်မှစစ်ပွဲများ

ရောမကို ဂျာမန်တို့ သိမ်းယူပြီးနောက်တွင် ဘိုင်ဇန်တိုင်း အင်ပိုင်ယာသည် အီဂျစ်၊ ဂရိ၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် တူရကီတို့ကို ဆက်လက် ထိန်းချုပ် ခဲ့သည်။ သို့သော် ပါရှန်း အင်ပိုင်ယာသစ်ဟု ခေါ်သော ဆက်ဆစ်နစ်အင်ပါယာက ထိုနယ်များကို သူတို့ အင်ပိုင်ယာအတွက် သိမ်းယူခဲ့သည်။ အေဒီ ၄၇၆ နှင့် ၆၂၈ ကြားတွင် ဘိုင်ဇန်တိုင်းနှင့် ပါရှန်းတို့သည် စစ်ပွဲပေါင်းမြောက်မြားစွာကို တိုက်ခိုက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြသည်။ နောက်ဆုံးတွင် ပါရှန်းတို့သည် ယနေ့ခေတ် အီရတ်နိုင်ငံ ရှေးဟောင်းမြို့တော် နင်နာဗေး အနီးတွင် အေဒီ ၆၂၇ တွင် ရှုံးနိမ့်ခဲ့ပြီး ဘိုင်ဇန်တိုင်းတို့အား သူတို့၏ နယ်မြေများကို ပြန်လည် ထိန်းချုပ်ခွင့် ပေးခဲ့ရသည်။

ထို့နောက်တွင် အာရပ်တို့က ရန်သူ အသစ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။ ဘိုင်ဇန်တိုင်းတို့သည် ပါရှန်းတို့ကြောင့် စီးပွားရေးအရ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်။ သူတို့သည် အာရပ်များကို မခုခံနိုင်ဘဲ ပါလက်စတိုင်းဆီးရီးယားနှင့် အီဂျစ်တို့ကို ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဘိုင်ဇန်တိုင်းတို့သည် တူရကီ ကို ကောင်းစွာ ခုခံထိန်းသိမ်းနိုင်သဖြင့် အာရပ်တို့ ရှေ့ဆက် မတက်နိုင်ခဲ့ပေ။

Remove ads

အင်ပိုင်ယာ ပြန်လည်တည်ဆောက်ခြင်း ၇၁၇-၁၀၂၅ အေဒီ

အေဒီ ၇၁၇ တွင် အာရပ်တို့ကို ဘိုင်ဇန်တိုင်း မြို့တော် ကွန်စတန်တင်နိုပယ်လ်၏ အပြင်ဘက်တွင် အနိုင်တိုက်နိုင်ခဲ့ပြီး အရှေ့ဘက်မှ အာရပ်တို့၏ ခြိမ်းခြောက်မှုကို ရပ်တန့်နိုင်ခဲ့သည်။ အနောက်ဘက်တွင်မူ ဘိုင်ဇန်တိုင်းတို့သည် ဘူလ်ဂေးရီးယန်း တို့အား တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြသည်။ အချို့သော တိုက်ခိုက်မှုများမှာ အောင်မြင်ခဲ့သော်လည်း အချို့မှာ မအောင်မြင်ခဲ့ပေ။ ရလဒ် အနေနှင့် ဘုရင် အများအပြား တိုက်ပွဲတွင်း သေဆုံးခဲ့ရသည်။ ထို့နောက် ဘိုင်ဇန်တိုင်း အင်ပိုင်ယာသည် အားကောင်းလာခဲ့ပြီး ၎င်း၏ ရန်သူများမှာ သူတို့အချင်းချင်း တိုက်ခိုက်မှုကြောင့် အားနည်းလာကြသည်။

အနောက်ဘက်တွင် ပြန်လည်တည်ဆောက်ခြင်း

အရှေ့ဘက်တွင် ပြန်လည်တည်ဆောက်ခြင်း

အင်ပိုင်ယာ ဆုတ်ယုတ်လာခြင်း ၁၀၂၅-၁၄၅၃

တာ့ခ်တို့ ကျူးကျော်ဝင်ရောက်ခြင်း ၁၀၇၁-၁၀၉၁

ဘိုင်ဇန်တိုင်းတို့ အသက်ဆက်ခြင်း ၁၀၉၁-၁၁၈၅

ဘိုင်ဇန်တိုင်းတို့ ပြန်လည်အားလျော့လာခြင်း ၁၁၈၅-၁၂၆၁

=== တာ့ခ်တို့က ဘိုင်ဇန်တိုင်းကို ဖျက် စီးခြင်း ၁၂၆၁-၁၄၅၃ ===

အင်ပိုင်ယာမှာ ကြွင်းကျန်ရစ်သော အရာများ

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads