ဘိုးအင်း ၇၈၇
From Wikipedia, the free encyclopedia
Remove ads
ဘိုးအင်း 787 ကို ဒရင်းမ်လိုင်နာ ဟုလည်း ခေါ်ပြီး ဘိုးအင်း ကုမ္ပဏီမှ ထုတ်လုပ်သည်။ ၎င်း၏ ပထမဆုံး ပျံသန်းမှုကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၅ရက်တွင် ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ အစီအစဉ်အရ လေကြောင်းလိုင်းများ အနေနှင့် 787 ကို ၂၀၁၀ ခုနှစ် အတွင်းတွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုနေ့စွဲမှာ မကြာခဏ ပြောင်းလဲသဖြင့် လေကြောင်းလိုင်းများ အနေနှင့် သူတို့ မျှော်လင့်ထားသော ရက်ထက် လပေါင်း ၃၀ ခန့် နောက်ကျပြီးမှ ရနိုင်မည် ဖြစ်သည်။
Remove ads
ဘိုးအင်းသည် ဒရင်းမ်လိုင်နာ အမျိုးကွဲ ၃ မျိုးကို ထုတ်လုပ်မည် ဖြစ်သည်။
787-3 မှာ အသေးဆုံး ဖြစ်၍ ကီလိုမီတာ ၅၀၀၀ မျှသာ ပျံသန်းနိုင်မည် ဖြစ်ပြီး ခရီးသည် ၂၉၀ ခန့်ကို တင်ဆောင် နိုင်မည် ဖြစ်သည်။ ထိုလေယာဉ်ဖြင့် ဂျပန် လေကြောင်းလိုင်း နှစ်ခုမှ ပြည်တွင်း ခရီးစဉ်တွင် အသုံးပြုနေသော ဘိုးအင်း 747-400D ကို အစားထိုးရန် ရည်ရွယ်ထားသည်။
787-9 မှာ အကြီးဆုံး ဖြစ်၍ အရှည်လျားဆုံး ပျံသန်းနိုင်မည့် လေယာဉ်ဖြစ်ပြီး ၁၅၂၅၀ ကီလိုမီတာ ခန့် ပျံသန်းနိုင်မည် ဖြစ်သည်။ ခရီးသည် ၂၇၀ ခန့်ကို တင်ဆောင်နိုင်မည် ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်မှ တည်ဆောက်မည် ဖြစ်သည်။ အဲယားဘတ်စ် ၏ A330-300 နှင့် A330-200 တို့နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။ ထိုလေယာဉ်မှာ ဘိုးအင်း 767-400ER ကို အစားထိုးမည် ဖြစ်သည်။
787-8 မှာ အလယ်အလတ်စား ဖြစ်၍ ခရီးသည် ၂၁၀ ခန့်ကို ၁၄၇၅၀ ကီလိုမီတာ အထိ သယ်ဆောင်နိုင်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ပထမဆုံးတည်ဆောက်မည့် အမျိုးအစားလည်း ဖြစ်သည်။ ထိုလေယာဉ်မှာ ဘိုးအင်း 767-200ER နှင့် 767-300ER လေယာဉ်များကို အစားထိုးမည် ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads