ဘီဘီစီ

From Wikipedia, the free encyclopedia

Remove ads

ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ဘီဘီစီ) (အင်္ဂလိပ်: British Broadcasting Corporation) သည် ယူနိုက်တက်ကင်းဒမ်း၏ အရေးပါသော ပြည်သူ့အကျိုးပြု ရုပ်သံဌာနတစ်ခုဖြစ်သည်။ ဝန်ထမ်း ၂၃,၀၀၀ ခန့်ရှိသည့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရုပ်သံဌာနလည်းဖြစ်သည်။[][][] ဘီဘီစီဌာနချုပ်သည် လန်ဒန်မြို့တွင် တည်ရှိပြီး တော်ဝင်ချာတာအရ သီးခြားလွတ်လပ်စွာ လည်ပတ်သည့် သတင်းမီဒီယာဖြစ်သည်။[] ဘီဘီစီသည် အဓိကအားဖြင့် ယူကေအတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုလိုင်စင်ကြေးဖြင့် ရပ်တည်သည်။ ယင်းလိုင်စင်ကြေးကို ဗြိတိသျှအစိုးရမှ နှစ်စဉ်သတ်မှတ်ပြီး ပါလီမန်မှ သဘောတူ အတည်ပြုပေးသည်။[] [][]

အချက်တိုများ လုပ်ငန်း, တည်ထောင်သည့်နှစ် ...

၁၉၃၂ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ အင်ပါယာ ဆားဗစ်(BBC Empire Service) ဗွေဆော်ဦး ထုတ်လွှင့်ချက်များ စတင်ခဲ့ချိန်မှစ၍ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် (BBC World Service) သည် ပြင်ပနိုင်ငံများသို့ ရေဒီယို အစီအစဉ်များကို တိုက်ရိုက်သော်လည်းကောင်း အခြားဒေသမှတဆင့်သော်လည်းကောင်း လွှင့်ထုတ်ပေးသည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း ထုတ်လွှင့်လာပြီး ယနေ့တွင် အင်တာနက်ပေါ်တွင် ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ထားသည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads