ဘုရင်ခံအိမ်တော် (မြန်မာနိုင်ငံ)

From Wikipedia, the free encyclopedia

Remove ads

ဘုရင်ခံအိမ်တော် (ရန်ကုန်)

Thumb
ကိုလိုနီခေတ် ရန်ကုန်ရှိ အခန်းပေါင်း ၂၀၀ ကျော်ရှိသော ဘုရင်ခံ အိမ်တော်

အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို စီရင်အုပ်ချုပ်မည့်သူတို့၏ ကော်မရှင်နာ မင်းကြီးများ၊ ဒုတိယ ဘုရင်ခံနှင့် ဘုရင်ခံများ နေထိုင်ရန်နှင့် ရုံးစိုက်ရန်အတွက် ရန်ကုန်မြို့ အလုံလမ်းတွင် (ယခုသမ္မတအိမ်တော်) ခမ်းနားကြီးကျယ်သော အဆောက်အဦးကြီးကို တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးပြီး အင်္ဂလိပ် လက်အောက်ရောက်ခဲ့သည့် အမှတ် သင်္ကေတအဖြစ် နှစ်ပေါင်းတစ်ရာကျော် တည်ရှိခဲ့သည်။

Thumb
ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ဂေဟာ တစ်ဖြစ်လဲ ဘုရင်ခံအိမ်တော်

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုဘုရင်ခံအိမ်တော်ရှေ့တွင်ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် အင်္ဂလိပ်တို့၏ နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်တို့ တက်ရောက်ကြပြီး အင်္ဂလိပ် တို့၏ ယူနီဂျက်အလံကို တိုင်အောက်သို့ လျှော့ချစေပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ထက်သို့ လွင့်ထူခဲ့သည်။ ထိုနောက် ဘုရင်ခံ အိမ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဆက်ဆက် နေထိုင်ခဲ့သည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ဘုရင်ခံ အိမ်တော် အဆောက်အဦးကို ဖြိုချခဲ့ပြီးနောက် သမ္မတ အိမ်တော် အသစ်ကို တည်ဆောက်ခဲ့သည်။

Remove ads

ဘုရင်ခံအိမ်တော် (မန္တလေး)

အင်္ဂလိပ်တို့သည် အထက်မြန်မာနိုင်ငံ မန္တလေးမြို့တော်ကို သိမ်းပိုက်ပြီးနောက်တွင် မန္တလေးနန်းတွင်းရှိ မြန်မာတော်ဝင် အဆောက်အအုံတို့တွင် နေရာယူ ရုံးစိုက်ခဲ့ကြသည်။ မန္တလေး နန်းတွင်း မြောက်ဘက်မျက်နှာစာ စည်သာတံခါးကို မျက်နှာမူထားသော မြေနန်းပြဿဒ်ဆောင်သည် ဘုရင်ခံ ဆာ ချားလ် ကရော့စ်ဝိတ် နေထိုင်ခဲ့သော အိမ်တော် ဖြစ်ခဲ့လေသည်။ အဆိုပါ ဘုံမြင့် ပြဿဒ်ဆောင်၏ ဝဲယာတို့တွင့် တည်ဆောက်ထားသော မြန်မာ့ ရှေးခေတ် အဆောက်အဦးကြီး နှစ်ခုသည် ဘုရင်ခံ၏ ဝန်ထမ်းများနေထိုင်သော အဆောင်များ ဖြစ်ကြလေသည်။ ဒုတိယ ကမ္ဘာစစ် ၁၉၄၂ခုနှစ်တွင် ဂျပန်လေတပ်က တစ်ကြိမ်၊ ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှလေတပ်က တစ်ကြိမ် နန်းတွင်းတစ်ခုလုံးကို ဗုံးကြဲဖျက်ဆီးခဲ့သဖြင့် မီးလောင် ပြာကျခဲ့ရာ တွင် ဘုရင်ခံ အိမ်တော်မှာလည်း ပါဝင်ခဲ့သည်။

Remove ads

ဘုရင်ခံအိမ်တော် (မေမြို့)

Thumb
ကိုလိုနီခေတ် မေမြို့ရှိ ဘုရင်ခံ အိမ်တော်

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မန္တလေးမြို့ကို သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင် ကိုလည်း တစ်ဆက်တည်း သိမ်းပိုက်ခဲ့လေသည်။ ထို့နောက် ၁၈၉၆ ခုနှစ်တွင် ပြင်ဦးလွင်ကို အင်္ဂလိပ်တို့၏ နွေရာသီ ရုံးစိုက်ရန်နှင့် အပန်းဖြေ အနားယူရန်အတွက် တောင်စခန်းမြို့ အဖြစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် ပြင်ဦးလွင်အမည်အစား မေမြို့ဟု တရားဝင် ပြောင်းခဲ့ပြီနောက် ဘုရင်ခံများ ရုံးစိုက်ရန် နှင့် နေထိုင်ရန်အတွက် ဘုရင်ခံ အိမ်တော်ကို ၁၉၀၃-၁၉၀၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့လေသည်။ ဘုရင်ခံအိမ်ဝင်းမှာ ဧက တစ်ရာကျော်ရှိပြီး ရန်ကုန် နှင့် မန္တလေး ဘုရင်ခံ အိမ်တော်များထက် သာယာပြီး ကြီးကျယ်ခမ်းနားလှသည်။ အိမ်တော်တည်ဆောက်ပြီး ပထမဆုံးနေထိုင်ခဲ့သည့် ပုဂ္ဂိုလ်မှာ ဒုတိယ ဘုရင်ခံ Sir A.H Barnes (၁၉၀၃-၁၉၀၅) ဖြစ်သည်။ နောက်ဆုံး နေထိုင်သွားသော ဘုရင်ခံ မှာ Sir Dorman Smith( ၁၉၄၁ - ၁၉၄၂)ဖြစ်သည်။ ၁၉၄၂ ခု၊ ဧပြီလတွင် ဘုရင်ခံ ဆာဒေါ်မန်စမစ် အိမ်တော်ကို စွန့်ခွာပြီးနောက် မည်သူမည်ဝါက မီးရှို့ခဲ့သည်ကို ယနေ့ထက်တိုင် သဲသဲကွဲကွဲ မသိရပေ။

Thumb
ပြန်လည်တည်ဆောက်ပြီး ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသော ဘုရင်ခံ အိမ်တော်

၂၀၀၅ ခုနှစ်တွင် ထူးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတေဇက နဂိုမူလ ပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၀၀၇ တွင် ပြီးစီးခဲ့သည်။ ယခုအခါ မြန်မာအမည် ရွှေစံအိမ်၊ အင်္ဂလိပ်အမည် Aureum@Goverment House, Span Resort Pyin Oo Lwin အမည်ဖြင့် မန္တလေး-လာရှိုးလမ်းပေါ်တွင် ဟိုတယ် ဖွင့်ထားသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads