ဘုရားကြီးဆရာတော် (ရှင်စာရိန္ဒာသဘ)

From Wikipedia, the free encyclopedia

Remove ads

ရှင်စာရိန္ဒာသဘ (၁၂၂၉ − ၁၃၁၈) သည် “ဘုရားကြီးဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်ပြုဆရာတော် ဖြစ်သည်။ []

ဘဝ

ဆရာတော်ကို ၁၂၂၉ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၃ ရက် အင်္ဂါနေ့တွင် ဟင်္သာတခရိုင်၊ သရဝေါရွာကြီးတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ယုန် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးပုဏ္ဏား − ဒေါ်ဥ ဖြစ်သည်။

သာရဝေါကျောင်းတိုက် အရှင်ကလျာဏတိဿမထေရ်ထံတွင် စာပေများ သင်ကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့၊ လယ်တီကျောင်းတိုက် ရှင်သာဂရဗုဒ္ဓိထံတွင် ဆက်လက်ကာ ပညာသင်ကြားလျက် သာမဏေဝတ်ခဲ့သည်။ “ရှင်စာရိန္ဒာသဘ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ ထို့နောက် မိမိ၏ ဆရာတော်နှင့် အတူ ဓနုဖြူမြို့သို့ ကြွရောက်ခဲ့သည်။ ၁၂၄၈ ခုနှစ်တွင် ဟင်္သာတလယ်တီကြီးတိုက်၌ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် ရန်ကုန်မြို့၊ နော်မံကျောင်းကြီးတိုက်တွင် ဆက်လက်ကာ ပိဋကတ်စာပေများကို သင်ယူခဲ့သည်။

၁၂၈၀ ပြည့်နှစ်တွင် ဟင်္သာတမြို့၊ ဘုရားကြီးကျောင်းတိုက်တွင် သီတင်းသုံးခဲ့ပြီး “သီရိစာရိန္ဒာသဘတိပိဋကဉာဏရံသီ” ဟူသည့် သံဃဒတ္တိယဘွဲ့တံဆိပ်ကို ရခဲ့သည်။ ဆရာတော်သည် ၁၂၉၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကိုလည်း ရခဲ့သည်။

၁၃၀၄ ခုနှစ်မှစကာ မဟာဒွါရနိကာယ ပဌမ မဟာနာယက သာသနာပိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်တွင် နိုင်ငံတော်ဩဝါဒစရိယဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ပြည်ထောင်စုခေတ်တွင် မြန်မာနိုင်ငံ ပါဠိဘာသာ ပညာရေးအဖွဲ့၏ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံခရသည်။

၁၃၁၅ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ရှေးဦးဆုံး ရခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကိုလည်း ထပ်မံခံယူခဲ့ရသည်။

၁၃၁၈ ခုနှစ်တွင် ဆဋ္ဌသံဂီတိဩဝါဒစရိယသံဃနာယကဘွဲ့တံဆိပ်တော်ကို ရခဲ့သည်။ []

Remove ads

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၃၁၈ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ []

ကျမ်းများ ပြုစုခြင်း

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ အမတမဂ္ဂနိဒ္ဒေသကျမ်း၊

၂။ လောကစက္ခုကျမ်း၊

၃။ ဓာတွတ္တယောဇနာကျမ်း၊

၄။ ဂီဟိဝိနယကျမ်း၊

၅။ သဗ္ဗညုတဉာဏ်တော်အဆုံးအဖြတ်၊

၆။ ဓာတုမနသိကာရရှုဖွယ်၊

၇။ သာသနာလျှောက်ထုံး၊

၈။ သစ္စာပြုစာတမ်း၊

၉။ ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းပွားနည်း၊

၁၀။ အာဇီဝဋ္ဌမကသီလအဆုံးအဖြတ်၊

၁၁။ နိဓိကဏ္ဍသုတ်အတ္ထယောဇနာ၊

၁၂။ သန္ဓိကပ္ပပဒဝိစယပကာသနီ၊

၁၃။ သတ္တဋ္ဌာနဝန္ဒနာဒိဒီပကကျမ်း၊

၁၄။ ဥပေါသထဝိနိစ္ဆယ၊

၁၅။ ဝိနယသင်္ခေပစာတမ်း၊

၁၆။ ကမ္မဝါစာသဝနုစ္စာရဏဝိနိစ္ဆယ၊

၁၇။ လောကဝဍ္ဎနစာတမ်း၊

၁၈။ ဓမ္မဒေသနာနယပကာသနီ၊

၁၉။ ကပ္ပါဒိဝိနိစ္ဆယကျမ်း၊

၂၀။ ဓာတုသင်္ခေပဘေသဇ္ဇကျမ်း၊

၂၁။ ပဒမာလာ ဓာတုမာလာဒိဒီပကကျမ်း၊

၂၂။ မြန်မာဘာသာမေတ္တာပို့စာတမ်း၊

၂၃။ ဝိဟာရသန္တကာဒိဝိနိစ္ဆယကျမ်း၊

၂၄။ ဘဂျဝန္ဒနာဒိဒီပကကျမ်း၊

၂၅။ သုသန္နိစယအလင်္ကာကျမ်း၊

၂၆။ သီမဝိနိစ္ဆယစာတမ်း။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads