ဘုရားပွဲ

From Wikipedia, the free encyclopedia

ဘုရားပွဲ
Remove ads

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်းပူဇော်သောအားဖြင့် ရှေးအခါက တပေါင်းလတွင် “သဲပုံစေတီပူဇော်ပွဲ”များကို ကျင်းပခဲ့ကြသည်။ မူလဝေါဟာရသည် ဗုဒ္ဓပူဇနိယ “ဘုရားပူဇော်ပွဲ” ဖြစ်သည်။ ရာသီသာစွ ငွေရွှင်လဖြစ်သော တပေါင်းလရာသီတွင် ရှေးမြန်မာကြီးတို့သည် နှစ်ပတ်လည် ဘုရားပူဇော်ပွဲများကို ကျင်းပခဲ့ကြသည်။ “ဘုရားပူဇော်ပွဲ”ကို အတိုကောက် အလွယ်တကူ ခေါ်ကြရာမှ “ပူဇော်”တစ်လုံး ပျောက်ဆုံးခဲ့ရပြီး “ဘုရားပွဲ” ဖြစ်ခဲ့ရပါသည်။ ဘုရားပူဇော်ပွဲ ဝေါဟာရမှ ဘုရားပွဲ ဝေါဟာရ တွင်ကျယ်လာသောအခါ “ပညတ်သွားရာ ဓာတ်သက်ပါ”ဟူသည့်အတိုင်း ပူဇော်မှုထက် ပျော်ပွဲရွှင်ပွဲ(ပွဲ)တို့ကို ရှေ့တန်းတင်လာခဲ့ကြသည်။

Thumb
ရွှေဆံတော်ဘုရား (ပြည်) ဘုရားပွဲ
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads