ဘုရားသုံးဆူ(ပုဂံ)
From Wikipedia, the free encyclopedia
Remove ads
ဘုရားသုံးဆူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှိ မင်းနန်သူရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။ တည်ဆောက်ထားပြီး ပေါင်းကူးစင်္ကြလမ်း ကျဉ်းကျဉ်းဖြင့် တစ်ဆူနှင့် တစ်ဆူ ဆက်ထားသည်။ ဂူသုံးလုံးသည် အရွယ်တူ ပုံစံတူဖြစ်သည်။
- စေတီပုထိုးအမှတ် = ၄၇၇/၂၇၈−က၊ ၄၇၇/၂၇၈−ခ၊ ၄၇၇/၂၇၈−ဂ
ဗိသုကာ လက်ရာများ
ပန္နက်ပုံများမှာ စတုရန်းပုံဖြစ်ပြီး ဂူတိုင်းတွင် တစ်ဖက်၌ အာရုခံမုခ်များ စွန်းထွက်လျက် အထက်၌လည်း ပစ္စယာများ ကွမ်းထောင်များ ပါရှိသည်။ ဘုရားတည်ဆောက်သော ခုနှစ်ကို တိကျစွာ မသိရသော်လည်း ၁၃ ရာစုနောက်ပိုင်းဟု မှန်းဆကြသည်။ ဤသို့ လိုဏ်ဂူ ဘုရားသုံးဆူ ဆက်လျက်တည်ဆောက်ပုံမှာ ထူးခြားလျက်ရှိသည်။ တစ်ဆူချင်း လေ့လာလျှင်လည်း ဂူဘုရားများသည် ပုဂံခေတ် နောက်ပိုင်းကျသည်ဟု ဆိုနိုင်သည်။
ဘုရားသုံးဆူအတွင်း၌ ထူးခြားဆန်းကြယ်သော နံရံဆေးရေးပန်းချီများ ရှိသည်။ ဘုရားသုံးဆူတွင် အရှေ့ဂူနှင့် အလယ်ဂူများ၌သာ နံရံပန်းချီများ တွေ့ရပြီး အနောက်ဂူ၌ နံရံပန်းချီလုံးဝ မတွေ့ရချေ။ အလယ်ဂူ၌ ရေးလက်စ ပန်းချီများကိုလည်း တွေ့ရသဖြင့် ဘုရားတည်ခိုက် ပန်းချီရေးနေစဉ် အကြောင်း တစ်ခုခုကြောင့် အပြီးမသတ်နိုင်ခဲ့ဟု ယူဆရသည်။
နံရံပန်းချီများတွင် ဗုဒ္ဓဝင်ရှစ်ခန်း၊ နှစ်ကျိပ် ရှစ်ဆူဘုရားများ၊ သဗ္ဗုဒ္ဓေဘုရားများ၊ ငါးရာ့ငါးဆယ် ဇာတ်ဖော် ပန်းနွယ်၊ ပန်းကနုတ်များ၊ နတ်၊ ကိန္နရာ၊ ဘီလူး၊ သားရဲ၊ မြွေ၊ နဂါး၊ ဆင် စသည်များကို တွေ့နိုင်သည်။ ထူးခြားမှုများတွင် နတ်သမီးနှစ်ဦးကို ဖက်နေသော နတ်သားပုံ ဖြစ်သည်။ ပန်းချီများမှာ အသေးစိတ် ရေးဆွဲထားသည်။ ဆေးနီရောင်ကို သုံးစွဲ၍ တောက်ပြောင်လှပသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads