ဘုရားအလောင်း

From Wikipedia, the free encyclopedia

ဘုရားအလောင်း
Remove ads

ဗောဓိသတ္တ (ပု) [ဗောဓိ+သတ္တ] ဆိုသည်မှာ ဘုရားအလောင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ [] ဗောဓိဉာဏ်၌ လိုလားတောင့်တသော ကုသလစ္ဆန္ဒအားကြီး ပြင်းထန်သည့် ပုဂ္ဂိုလ်များကို "ဗောဓိသတ္တ = ဘုရားအလောင်းအလျာ"ဟု ခေါ်သည်။

ဗောဓိအလောင်း အမျိုးအစားများ

  • သာဝကဗောဓိဉာဏ် (= ဆရာရှိမှသစ္စာလေးပါးကို သိသော မဂ်ဉာဏ်လေးပါး)၌ လိုလားတောင့်တသည့် ကုသလစ္ဆန္ဒပြင်းထန်လှသူကို "သာဝကဗောဓိသတ္တ = တပည့်သာဝကအလောင်း"ဟု ခေါ်သည်။
  • ပစ္စေကဗောဓိဉာဏ် (= ဆရာမကူပဲ မိမိကိုယ်တိုင်သစ္စာလေးပါးကို သိသော မဂ်ဉာဏ်လေးပါး)၌ လိုလားတောင့်တသည့် ကုသလစ္ဆန္ဒအားကြီး ပြင်းထန်လှသူကို "ပစ္စေကဗောဓိသတ္တ = ပစ္စေကဗုဒ္ဓါအလောင်း"ဟု ခေါ်သည်။ []
  • သမ္မာသမ္ဗောဓိဉာဏ် (= ဆရာမကူပဲ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိ၍ ဝါသနာနှင့်တကွ ကိလေသာတို့ကို ပယ်စွန့်နိုင်သည့် သတ္တိထူးရှိသော မဂ်ဉာဏ်လေးပါး၊ ခပ်သိမ်းသော တရားတို့ကို အကြွင်းမရှိ သိမြင်နိုင်သော သဗ္ဗညုတဉာဏ်)၌ လိုလားတောင့်တသည့် ကုသလစ္ဆန္ဒအားကြီးပြင်းထန်လှသူကို "သမ္မာသမ္ဗောဓိသတ္တ (သဗ္ဗညုဗောဓိသတ္တ) သဗ္ဗညုဘုရားအလောင်း"ဟု ခေါ်ဆိုသည်။
Remove ads

သဗ္ဗညုဘုရားအလောင်း အမျိုးအစားများ

သဗ္ဗညုဘုရားအလောင်းသည် ပညာဓိက ဘုရားလောင်း၊ သဒ္ဓါဓိက ဘုရားလောင်း၊ ဝီရိယာဓိက ဘုရားလောင်းဟု သုံးမျိုးရှိသည်။

  • ပညာဓိက ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်လျှင် ဘုရားဖြစ်သည်။
  • သဒ္ဓါဓိက ဘုရားလောင်းသည် ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ ရောက်သည်။
  • ဝီရိယာဓိက ဘုရားလောင်းသည် တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ ရောက်သည်။
  • ပညာဓိက ဘုရားလောင်းတို့အား သဒ္ဓါနုံ့သည်၊ ပညာထက်သန်သည်။
  • သဒ္ဓါဓိက ဘုရားလောင်းတို့အား သဒ္ဓါအားကောင်းသည်၊ ပညာကား အလယ်အလတ်သာ ရှိသည်။
  • ဝီရိယာဓိက ဘုရားလောင်းတို့ကား သဒ္ဓါ ပညာ နှစ်ပါးစုံနုံ့သည်၊ ဝီရိယအားကောင်းသည်။ []

ဥဂ္ဃါဋိတညူဘုရားလောင်း၊ ဝိပဉ္စိတညူဘုရားလောင်း၊ နေယျဘုရားလောင်း ဟူ၍လည်း သုံးမျိုးရှိသေးသည်။

  • သာဝကဗောဓိဉာဏ်ကို ထိုဘဝရယူလိုသူဖြစ်ပါက ဘုရားရှင်ထံမှ လေးပါဒရှိသော တဂါထာကို နာကြားစဉ် တတိယပါဒမပြီးဆုံးမီပင် ဆဠာဘိညပဋိသမ္ဘိဒါပတ္တရဟန္တာ အဖြစ်သို့ ရောက်ခြင်းငှါ စွမ်းနိုင်သည့် ဥပနိဿယအကြောင်းရှိသူကို ဥဂ္ဃါဋိတညူဘုရားလောင်းဟု ခေါ်သည်။ ယင်းဘုရားလောင်းသည် ဝိမုတ္တိပဋိပါစနီယတရားများ ထက်သန်လှသဖြင့် ဗျာဒိတ်ရပြီးနောက် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင်သာ ပါရမီဖြည့်ကျင့်ရသည်။ ပညာဓိက ဘုရားအလောင်းပင်ဖြစ်သည်။
  • သာဝကဗောဓိဉာဏ်ကို ထိုဘဝ ရယူလိုပါက ဘုရားရှင်အထံတော်မှ လေးပါဒရှိသော တဂါထာကို နာကြားစဉ် စတုတ္ထပါဒမပြီးဆုံးမီပင် ဆဠာဘိညရဟန္တာ အဖြစ်သို့ ရောက်ခြင်းငှါစွမ်းနိုင်သည့် ဥပနိဿယအကြောင်းရှိသူကို ဝိပဉ္စိတညူဘုရားလောင်းဟု ခေါ်သည်။ ယင်းဘုရားလောင်းသည် ဝိမုတ္တိပရိပါစနီယတရားများ အလယ်အလတ်ရှိသဖြင့် ဗျာဒိတ်ရပြီးနောက် ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ကျင့်ရသည်။ သဒ္ဓါဓိကဘုရားအလောင်းပင်ဖြစ်သည်။
  • သာဝကဗောဓိဉာဏ်ကို ထိုဘဝ ရယူလိုပါက ဘုရားရှင်အထံတော်မှ လေးပါဒရှိသော တဂါထာကို နာကြားစဉ် ထိုဂါထာအဆုံးသည်နှင့်တပြိုင်နက် ဆဋ္ဌဘိညရဟန္တာ အဖြစ်သို့ ရောက်ခြင်းငှါ စွမ်းနိုင်သည့် ဥပနိဿယအကြောင်းရှိသူကို နေယျဘုရားလောင်းဟု ခေါ်သည်။ ယင်းဘုရားလောင်းသည် ဝိမုတ္တိပရိပါစနီယတရား နုံ့ရကား ဗျာဒိတ်ရပြီးနောက် တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ကျင့်ရသည်။ ဝီရိယာဓိကဘုရားအလောင်းပင်ဖြစ်သည်။
  • သုံးလေးလ ကြာမှ ရင့်ရိုး မှည့်ရိုးရှိသော ကောက်စပါးမျိုးသည် သုံးလေးလ ကြာမှသာ ရင့်ရမှည့်ရသကဲ့သို့ ဘုရားအလောင်းသုံးမျိုးတို့သည်လည်း မိမိတို့ ပါရမီဖြည့်ကျင့်ရာ ကာလကုန်ဆုံးမှသာလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူကြရသည်၊ ပါရမီဖြည့်ကျင့်ရာ အချိန်မကုန်ဆုံးမီ ကြားကာလ အတွင်း ဘုရားအဖြစ်သို့ ရောက်သည်ဟူ၍ မရှိပေ။

သဗ္ဗညုဘုရားအလောင်းတော်တို့သည် နိယတဗျာဒိတ်မရမီ ကမ္ဘာပေါင်းများစွာ စိတ်ဖြင့် ဘုရားဆုပန်တော်မူကြပြီးနောက် [] ဗျာဒိတ်ခံယူနိုင်လောက်အောင် အင်္ဂါ ၈-ပါး[] နှင့်ပြည့်စုံသော ဘဝ၌ သက်တော်ထင်ရှားဘုရား အဆူဆူအထံ နိယတဗျာဒိတ်ခံယူတော်မူကြသည်။ ဗျာဒိတ်ခံယူပြီးနောက် သဗ္ဗသမ္ဘာရဘာဝနာ, နိရန္တရဘာဝနာ, စိရကါလဘာဝနာ, သက္ကစ္စဘာဝနာ ဟူသောလေးမျိုးဖြင့် သမ္မာသမ္ဗောဓိဉာဏ်ကို ရယူဖို့ရန် အဆောက်အဦဖြစ်သော ပါရမီစာဂစရိယဓမ္မတို့ကို သူမတူအောင် မနေမနား ပွားများအားထုတ်တော်မူကြသည် []။ (အကျယ်ကိုမဟာဗုဒ္ဓဝံ[] နတ်ပြည်ဗြဟ္မာပြည်၌ ပါရမီဖြည့်ရန် ခဲယဉ်းလှသောကြောင့် ပါရမီဖြည့်ကျင့်နေစဉ် အလောင်းတော်များသည် နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ခဲ့သော် သက်တမ်းကုန်အောင် မနေကြ၊ အဓိမုတ္တိမရဏ (ယင်းအဓိပ္ပါယ်ကို မဟာဗုဒ္ဓဝံ[] ဖြင့်နတ် ဗြဟ္မာသက်ကို ချခဲ့ကြပြီးလျှင်လူ့ပြည်၌သာ တဖန်ဖြစ်၍ ပါရမီဖြည့်ကျင့်တော်မူကြသည်။ [] (ဘုရားအလောင်းတော်များ နိယတဗျာဒိတ်ရပြီးကာစ ထင်မြင်လာမြဲ နိမိတ်ကြီး(၃၂-ပါးကို မဟာဗုဒ္ဓဝံ၊[၁၀]၌၎င်း နောက်ဆုံးဘဝ ပဋိသန္ဓေနေတော်မူသောအခါ ဖြစ်ပေါ်လာမြဲ နိမိတ်ကြီး (၃၂-ပါးကို မဟာဗုဒ္ဓဝံ၊ [၁၁]၌၎င်း, [၁၂]၌၎င်း။ ဖွားမြင်တော်မူသောအခါ ဖြစ်ပေါ်လာသော ပုဗ္ဗနိမိတ် (၃၂-ပါးကို ယင်း နှာ။ [၁၃]၌၎င်း။ ဘုရားလောင်းများ မြင်မက်မြဲ အိပ်မက်ကြီး ငါးပါးကို [၁၄]၌၎င်း ကြည့်။)

ဘုရားလောင်းများသည် အပေါင်းအဖေါ်၌ မွေ့လျော်မှု(အပေါင်းအသင်းခင်မင်မှု)၌ အပြစ်ကို မြင်၍ ဆိတ်ငြိမ်ရာ၌ နေတော်မူတတ်ကြသည်၊ အပေါင်းအသင်း၌ ခင်မင်ပျော်မွေ့နေလျှင် လောကီကျိုး လောကုတ္တရာကျိုး မရှိသည်ကို သိတော်မူကြသည် [၁၅]။ ပစ္ဆိမဘဝ ပဋိသန္ဓေနေဖို့အတွက် တုသိတာနတ်ပြည်မှ နေ၍ ကြည့်ခြင်းကြီး ရှစ်ပါး (အဋ္ဌမဟာဝိလောကန)ကို ကြည့်ရှုတော်မူမြဲ ဖြစ်သည်။ [၁၆]။ ပစ္ဆိမဘဝိကဘုရားလောင်းအဖို့ တစ်စုံတစ်ခုအန္တရာယ် မဖြစ်နိုင်သော်လည်း မယ်တော်၏ ကြောက်ထိတ်လန့်ခြင်းကို ကာကွယ်တားမြစ်ရန် အလို့ငှါ ဘုရားလောင်းပဋိသန္ဓေနေစဉ် နတ်များက စောင့်ရှောက်ကြသည်။ ဘုရားလောင်း ပဋိသန္ဓေနေသည့် နေ့ကစ၍ မယ်တော်သည် သူတစ်ပါး ခြေရင်း၌ တုပ်ဝပ်ထိုင်ရိုး ထုံးစံမရှိပေ။ ကမ္မဇလေတို့သည် ဘုရားလောင်းကို ပြောင်းပြန်ဦးစောက်ဖြစ်အောင် မပြုလုပ်နိုင်ကြ၊ ထို့ကြောင့် ဘုရားလောင်းမှန်သမျှ ရပ်လျက် တစ်စုံတစ်ခု အညစ်အကြေးမကပ်ငြိပဲ ဖွားမြင်တော်မူမြဲ ဖြစ်သည်။ နောက်ဆုံးဘဝ ဘုရားလောင်း ပဋိသန္ဓေတည်နေသောအခါ ဖွားမြင်တော်မူသောအခါ တောထွက်သောအခါတို့၌ လောကဓာတ်တသောင်း [၁၇] မြေငလျှင် တုန်လှုပ်သည်။ ဂဗ္ဘာဝက္ကန္တိလေးမျိုး အနက် ဘုရားလောင်းများသည် စတုတ္ထအမျိုးအစား [၁၈]၌ ပါဝင်ကြသည်။ [၁၉] သက်တမ်းရှည် ဘုရားလောင်းများအား နိမိတ်ကြီးလေးပါးထင်ရာ၌ တစ်နေ့တည်း တချိန်တည်းတပြိုင်တည်း မထင်ကြပဲ နိမိတ်ကြီးတစ်ခုနှင့်တစ်ခု အချိန်ကြာမြင့်စွာ ခြားပြီးမှ ထင်ကြသည်၊ သက်တမ်းတို ဘုရားလောင်းများအား တစ်နေ့တည်း တချိန်တည်း ထင်မြင်လာသည်။ [၂၀] နောက်ဆုံးဘဝ၌ ရဟန္တာ ဗြဟ္မာများက ဘုရားလောင်းအား နိမိတ်ကြီးလေးပါးပြကြသည်။ [၂၁]

ဘုရားလောင်းများသည် ကမ္မဇပသာဒ အားကောင်းသောကြောင့် မလှုပ်သော မမှိတ်သောမျက်စိတို့ဖြင့် ကြည့်ရှုနိုင်ကြသည်။ [၂၂]။ အရူပဘုံသည် အဘဗ္ဗဋ္ဌာန ဖြစ်သောကြောင့် ဘုရားလောင်းများသည် အရူပဈာန်ရ၍ ယင်းဈာန်မလျှောပဲ သေဆုံးကြသော်လည်း အရူပဘုံ၌ ပဋိသန္ဓေနေရိုး ထုံးစံမရှိပေ။ [၂၃] ဘုရားလောင်းတို့အကျင့် ပဋိပတ်သည် ဆုတ်ယုတ်သည် ညစ်ညူးသည် ရှေ့မတိုးဘဲ တန့်ရပ်နေသည်ဟူ၍ မရှိ [၂၄]။ သာဝကဗောဓိသတ္တ, ပစ္စေကဗောဓိသတ္တတို့သည်ပဒေသ (တစိတ်တဒေသ)အားဖြင့် လောကအကျိုး ကျင့်တော်မူကြသည်။ သမ္မာသမ္ဗောဓိသတ္တ= သဗ္ဗညုတဘုရားလောင်းတို့ကား နိပ္ပဒေသအားဖြင့် လောကအကျိုးကို ကျင့်တော်မူကြသည်၊ [၂၅] ဂေါတမဘုရားလောင်းသည် တေမိမင်းဘဝမရောက်မီ တာဝတိံသာနတ်ပြည်၌ ဖြစ်၏၊ တာဝတိံသာ၌ မဖြစ်မီ ဥဿဒငရဲ၌ ကျရောက်ခဲ့ရသည်။ [၂၆] ကမ္ဘာဦးကာလ၌ မဟာသမ္မတဟူသည် ဘုရားလောင်းပင် ဖြစ်သည်။ လောက၌ အံဩဖွယ်ဌာနဟူ သမျှ ဘုရားလောင်းက ပဌမ ဖြစ်မြဲတည်း။ [၂၇] ဘုရားလောင်းများသည် (စီးပွားပျက်လောက်အောင် လိမ်လည်မှု)ကိုကား လုံးဝ မပြောဆိုကြ၊ ပါဏာတိပါတ စသော ကျန်အကုသိုလ်များကိုကား ဘဝ အချို့၌ ပြုလုပ်ခဲ့ကြသည်။ [၂၈]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads