ဘူဆန်မြို့

From Wikipedia, the free encyclopedia

ဘူဆန်မြို့
Remove ads

ဘူဆန်မြို့ သည် တောင်ကိုရီးယားနိုင်ငံ တွင် ဆိုးလ်မြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး မက်ထရိုပိုလစ် မြို့တော် ဖြစ်ပြီး လူဦးရေ ၃.၆ သန်းခန့် ရှိသည်။ မက်ထရိုပိုလစ် ဒေသအတွင်းတွင် ၂၀၁၀ စာရင်း အရ လူဦးရေ ၄,၃၉၉,၅၁၅ ဦးမျှ ရှိသည်။ တောင်ကိုရီးယားနိုင်ငံတွင် အကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကုန်တန်ချိန်အားဖြင့် တွက်လျှင် ပဉ္စမမြောက် အလုပ်အများဆုံး ဆိပ်ကမ်းမြို့ ဖြစ်သည်။ မြို့တော်သည် [[ကိုရီးယားကျွန်းဆွယ်၏ အရှေ့တောင်ဘက်စွန်း အဖျားတွင် တည်ရှိသည်။ မြို့အတွင်း သိပ်သည်းစွာ ဆောက်လုပ်ထားသော အဆောက်အဦးများမှာ နတ်ဒုံမြစ် နှင့် ဆူယောင်းမြစ် အကြားရှိ ကျဉ်းမြောင်းသော တောင်ကြားဒေသပေါ်တွင် ဖြစ်ပြီး တောင်များက အချို့သော ရပ်ကွက်များကို ပိုင်းခြား ထားသည်။ ဘူဆန် မက်ထရို ပိုလစ်တန် ဒေသကို အုပ်ချုပ်ရေး နယ်မြေ ၁၅ ခု နှင့် ကောင်တီ ၁ ခု အဖြစ် ခွဲခြား သတ်မှတ်ထားသည်။

Thumb

ဘူဆန်သည် ၂၀၀၂ ခုနှစ် အာရှ အားကစားပွဲတွင် အိမ်ရှင်မြို့ ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ် အေပက် အစည်းအဝေး (ကိုရီးယား) ကိုလည်း လက်ခံ ကျင်းပခဲ့သည်။ ၂၀၀၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် အိမ်ရှင်မြို့ တစ်မြို့လည်း ဖြစ်သည်။ ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော နိုင်ငံတကာ ညီလာခံများကို လက်ခံကျင်းပရာ နေရာလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံး စတိုးဆိုင် ဖြစ်သော ရှင်ဆီဂဲ ဆန်တမ် စီးတီး သည် ဘူဆန်မြို့တွင် ရှိသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads