ဘူတဂါမသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဘူတဂါမသိက္ခာပုဒ်
Remove ads

ဘူတဂါမသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

သမိုင်း

မြတ်စွာဘုရားသည် အဠဝီပြည်၊ အဂ္ဂဝါစေတီတွင် သီးတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အာဠဝီပြည်သားရဟန်းတို့သည် သစ်ပင်တို့ကို မိမိတို့ကိုယ်တိုင်လည်း ခုတ်ဖြတ်၏။ အခြားသူတို့ကိုလည်း ခုတ်ဖြတ်ရန် ခိုင်းစေ၏။ ထိုအခါ ရဟန်းတစ်ပါး ခုတ်ဖြတ်သည့် သစ်ပင်တွင် နတ်သမီးတစ်ဦးသည် နေ၏။ ထိုနတ်သမီးသည် ခုတ်မည့်ရဟန်းအား “အကျွန်ုပ်၏ ဗိမာန်ကို မခုတ်ပါလင့်” ဟု ပြော၏။ သို့သော် ရဟန်းသည် နတ်သမီး၏ စကားကို နားမထောင်ဘဲ ခုတ်ဖြတ်လေရာ ထိုနတ်သမီး၏ ကလေးလက်မောင်းကို ခုတ်မိလေ၏။

ထိုအခါ ထိုနတ်သမီးသည် ရဟန်းအား ထိုနေရာတွင်ပင် သတ်ရန် အကြံဖြစ်၏။ နောက်မှ မသတ်သေးဘဲ မြတ်စွာဘုရားအား သွားရောက် လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းကို မသတ်မိခြင်းသည် ကောင်း၏။ သတ်မိပါက သင့်တွင် မကောင်းမှုများ တိုးပွားလာမည် ဖြစ်၏ ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် အုပ်စိုးသည့်နတ် မရှိသည့် သစ်ပင်ကို လမ်းညွှတ်ပြသ၏။ ထိုသစ်ပင်တွင် နေထိုင်ရန် မိန့်တော်မူ၏။

ထိုသို့ ရဟန်းတို့သည် သစ်ပင်တို့ကို ခုတ်ဖြတ်သည်ကို လူတို့သည် ကဲ့ရဲ့ကုန်၏။ လူတို့သည် သစ်ပင်တို့တွင် အသက်ရှိသည်ဟု ထင်မှတ်ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် အာဠဝီပြည်သားရဟန်းတို့ကို “အဘယ်ကြောင့် ကိုယ်တိုင်လည်း ခုတ်ဖြတ်ဘိသနည်း၊ အခြားသူတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း” ဟု ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုအာဠဝီပြည်သား ရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေးမြန်း၏။ အာဠဝီပြည်သား ရဟန်းတို့သည် “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

Remove ads

သိက္ခာပုဒ်

“ကြီးပွားပြီး ကြီးပွားဆဲဖြစ်သော မျိုးစေ့၊ မြက်၊ သစ်ပင်အပေါင်းကို ခုတ်ဖျက်ဖျက်ဆီးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads