ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန
From Wikipedia, the free encyclopedia
Remove ads
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန (အင်္ဂလိပ်: Department of Geological Survey and Mineral Exploration)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
မြန်မာနိုင်ငံ၏ ဘူမိဗေဒမြေပုံရေးဆွဲရေးလုပ်ငန်းကို ဒုတိယကမ္ဘာစစ် မတိုင်မီကတည်းက Geological Survey of India(GSI) မှ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် သီးခြား မြန်မာနိုင်ငံ၏ ဘူမိဗေဒဌာန (Burma Geological Department) စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေနံနှင့်တွင်းထွက်သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (Petroleum and Mineral Resources Corporation, PMRC) အောက်တွင် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဌာနခွဲကို ဖွဲ့စည်းခဲ့သည်။၁၉၅၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဓာတ်သတ္တုနှင့် ဘူမိဗေဒလေ့လာရေးဌာနခွဲကို ဓာတ်သတ္တု ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (Mineral Development Corporation)အောက်တွင် ဖွဲ့စည်းခဲ့သည်။၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်သတ္တုနှင့် ဘူမိဗေဒလေ့လာရေးနှင့် ရှာဖွေရေးဦးစီးဌာန (Directorate of Geological Survey and Mineral Exploration)ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။၁၉၇၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန (Department of Geological Survey and Mineral Exploration) အမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။[၁]
Remove ads
လုပ်ငန်းတာဝန်များ
- ကောင်းကင်ဓာတ်ပုံနှင့် ဂြိုဟ်တုပုံရိပ်များ အသုံးပြု၍ ပဏာမအဆင့် ဓာတ်ပုံဘူမိဗေဒ မြေပုံ ရေးဆွဲခြင်းလုပ်ငန်း။
- ဒေသန္တရ ဘူမိဗေဒမြေပုံရေးဆွဲရေးနှင့် ပဏာမအဆင့် ဓာတ်သတ္တုရှာဖွေရေး စမ်းသပ် တိုင်းတာရေးလုပ်ငန်း။
- ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
- စက်မှုကုန်ကြမ်းတွင်းထွက်ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
- ဇလဘူမိဗေဒမြေအောက်ရေစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း။
- နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်း။
- ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီများ၏ အကြီးစားနှင့် အသေးစား ဓာတ်သတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက် ရှာဖွေတူးဖော် ထုတ်လုပ်မှု အစီရင်ခံစာများအား စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ။
- ပြည်ပတင်ပို့မည့် ဓာတ်သတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက်များအား ဈေးနှုန်း သတ်မှတ်ရေးအတွက် အမျိုးအစားနှင့် ပါဝင်နှုန်းများအား တိကျစွာ သတ်မှတ် ရောင်းချနိုင်ရန် သတ္တုတွင်းဦးစီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်း/ ဌာနများနှင့် ပူးပေါင်းကာ ကိုယ်စားပြု နမူနာ ရယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း။
- သေလဗေဒနှင့် ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်း။
- ဘူမိရူပဗေဒ စမ်းသပ်တိုင်းတာခြင်းလုပ်ငန်း။
- မြေတိုင်းလုပ်ငန်း။
- လွန်တူးလုပ်ငန်း။
- မြန်မာနိုင်ငံအတွင်း ဓာတ်သတ္တု ဖြစ်ထွန်းမှုနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ဓာတ်သတ္တု ဖြစ်ထွန်းမှုများကို နှစ်အလိုက် မှတ်တမ်းတင်ခြင်းလုပ်ငန်း။
- GIS နည်းဖြင့် ဘူမိဗေဒမြေပုံများကို Digital မြေပုံရေးဆွဲရေးလုပ်ငန်း။
- ASEAN Mineral Database ဆောင်ရွက်ရေးလုပ်ငန်း။
- ဝန်ကြီးဌာနထံ တင်ပြသည့် ပုဂ္ဂလိက ပြည်တွင်းကုမ္ပဏီများ၏ ဓာတ်သတ္တုရှာဖွေ စမ်းသပ်တိုင်းတာခွင့် လျှောက်ထားလာမှုအား သဘောထားမှတ်ချက် ပြန်ကြားခြင်း လုပ်ငန်း။
Remove ads
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads