ဘောလုံးအကယ်ဒမီ (မန္တလေး)

From Wikipedia, the free encyclopedia

ဘောလုံးအကယ်ဒမီ (မန္တလေး)
Remove ads

Thumb ဘောလုံးအကယ်ဒမီ (Myanmar Football Academy) ကျောင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ကမ္ဘာ့အဆင့်မီ ပရော်ဖက်ရှင်နယ် လက်ရွေးစင် ဘောလုံးသမားများ မွေးထုတ်ပေးမည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။ ဘောလုံးအကယ်ဒမီသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်း တောင်ဘက်၊ ၇၃ လမ်းပေါ်၌ တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅ ဧကရှိပြီး လေ့ကျင့်ရေး ကစားကွင်းနှစ်ကွင်း၊ သဲသောင်ပြင်ဘော လုံးကွင်း တစ်ကွင်း၊ ဖူဆယ်ဘောလုံးကွင်း တစ်ကွင်း၊ စာသင်ဆောင်၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ဆောင်၊ အစည်းအဝေးခန်းမ၊ နည်းပြဆောင်၊ ဧည့်သည်ဆောင်၊ ဘောလုံးအသင်း သုံးသင်းစာ နေနိုင်သည့်အဆောင်၊ လူ ၁၂၀ စားသောက် နိုင်သည့် စားဖိုဆောင်၊ မီးဖိုခန်းစသည်တို့ ပါရှိသည်။ အမေရိကန် ဒေါ်လာ တစ်သန်းကျော် ကုန်ကျသည်။

ကျောင်းအုပ်ကြီးမှာ ဦးစိုးညွန့် ဖြစ်သည်။ နည်းပြချုပ်အဖြစ် ဘရာဇီးနိုင်ငံသား ဝီလ်ဆင်သော လေးတိုးကို ငါးနှစ်တာဝန် ခန့်အပ်ထားသည်။ နိုင်ငံခြားနည်းပြချုပ် တစ်ဦး၊ မြန်မာနည်းပြ သုံးဦးတို့က တာဝန်ယူ သင်ကြားပေးမည်ဖြစ်သည်။ ၁၁ နှစ်အောက် (၃၀)ယောက် ၊ ၁၃ နှစ်အောက် (၃၀)ယောက်၊ ၁၅ နှစ်အောက် (၃၀)ယောက် ရွေးချယ်ထားသည်။ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး တက်ရောက်အောင်မြင်သူအား ဘောလုံးအကယ်ဒမီက အသိအမှတ်ပြု အောင်လက်မှတ်ထုတ် ပေးမှာဖြစ်သည်။[]

၂၀၁၁-ခု၊ မတ်လ (၁၅)ရက်နေ့တွင် (FIFA)မှဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာက မြန်မာဘောလုံးအကယ်ဒမီ သင်တန်းကျောင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads