ဘော်ကြိုရွာ

From Wikipedia, the free encyclopedia

Remove ads

ဘော်ကြိုရွာသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်သီပေါမြို့နယ်တွင် ပါဝင် တည်ရှိသည်။ ဘော်ကြိုရွာသည် သီပေါနှင့် ကျောက်မဲအကြားတွင် ရှိ၍၊ မန္တလေး-လားရှိုး မီးရထားလမ်းနှင့် မော်တော်ကားလမ်းသည် ဘော်ကြိုရွာကြီးကို ဖြတ်သန်းသွားသည်။ ဘော်ကြိုရွာ၏ အနောက်ဘက်တွင် ဘော်ကြိုစေတီ တည်ရှိသည်။

ဘော်ကြိုဘုရား‎ကို အကြောင်းပြု၍ ဘော်ကြိုရွာကိုလည်း လူသိများခဲ့သည်။ ထိုရွာသည် အိမ်ခြေ ၁ ရာခန့်မျှသာရှိ၍ လူဦးရေ ၅ ရာခန့်သာရှိသော ရှမ်းရွာကြီး တစ်ရွာပေတည်း။ မော်တော်ကားလမ်း၏ တစ်ဘက် တစ်ချက်တွင် အိမ်များ ဆောက်လုပ်ထား၍ ရွာတန်းရှည်တစ်ခု ဖြစ်သည်။ မီးရထားဘူတာရုံကို ၁၈၉၈ ခုနှစ် ကပင် ဘော်ကြိုရွာ၌ ဖွင့်လှစ်ထားခဲ့သည်။ မီးရထားလမ်းသည် ရွာ၏ နောက်ကျောဘက်မှ ဖြတ်သန်းသွား၍ ဘူတာရုံသည် ရွာ၏အနောက်ဘက် မိုင်တစ်မတ်ခန့်တွင်ရှိသည်။ ထိုမှာ ဘက်တွင် ဘုန်းကြီးကျောင်းနှင့် ဘုရားစေတီ များလည်းရှိရာ ဘော်ကြိုဘုရားလည်း ပါဝင်သည်။

ဘော်ကြိုရွာနှင့် ပတ်ဝန်းကျင်မှ ထွက်ကုန်များမှာ ဆား၊ လိမ္မော်၊ ရှောက်ချို၊ သံပရာနှင့် ဆန်စပါးတို့ဖြစ်သည်။ ရွာ၏ အရှေ့မြောက်ဘက်တွင် ဆားတွင်းများရှိ၍ ရွာ၏နောက်ကျောတွင် စပါးလယ်ကွင်းများ ရှိသည်။ ဘော်ကြိုတွင် ငါးရက်တစ်ဈေးရှိသည်။ ဈေးရှိသော အပိုင်းကို ရွာသစ်ဟု ခေါ်ကြ၍ စေတီများရှိသော အပိုင်းကို ရွာဟောင်းဟု ခေါ်ကြလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads