ဘောလခဲမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဘောလခဲမြို့နယ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ဘောလခဲမြို့နှင့် ရွာသစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဘောလခဲမြို့ ဖြစ်သည်။
Remove ads
Remove ads
သမိုင်းကြောင်း
မင်းတုန်းမင်းလက်ထက်တွင် ဖဘန့်မင်း(ဖိုးဘျား)စော်ဘွားကြီးအုပ်ချုပ်သော နယ်ပယ်တစ်ခုအဖြစ် တည်ရှိခဲ့သည်။ဘောလခဲဟူသောစကားမှာ ယင်းတလဲဘာသာစကားဖြင့် မှည့်ခေါ်သော တဘော့လျာနှင့် တခဲလျာ ချောင်းနှစ်ချောင်းအကြားတွင် တည်ရှိပြီး အဆိုပါချောင်းနှစ်ချောင်းကိုပေါင်းပြီး တဘော့တခဲဟု မှည့်ခေါ်ထားသည်။ အချိန်ကြာသော် ဘောလခဲဖြစ်လာခဲ့သည်။ဘောလခဲကို ဟော်နန်းစိုက်၍ စိုးစံသော ဖဘန့်မင်းလက်ထက်တွင် တိကျသော နယ်နိမိတ်မရှိသော်လည်း နယ်ချဲ့တို့လက်ထက်တွင် နယ်နိမိတ် သတ်မှတ်ခဲ့သည်။ဘောလခဲစော်ဘွားလက်ထက်တွင် တောင်ပိုင်းဘောလခဲနှင့် မြောက်ပိုင်းဘောလခဲဟူ၍ ၂ပိုင်းရှိသည်။တောင်ပိုင်းဘောလခဲတွင် ဖားဆောင်း၊မော်ချီးနှင့် နန်းဖဲ၊ မြောက်ပိုင်းဘောလခဲတွင် နန်းဖယ်ခုံ၊ ဒေါရောက်ခူ၊ ဆောင်းဒူးနှင့် မုဆိုးတို့ပါဝင်သည်။ ၁၉၆၀ပြည့်နှစ်တွင် ကယားပြည်နယ်ကို စောဖျာဒူးဟုခေါ်သော စော်ဘွားအုပ်ချုပ်နယ်၃နယ်မှ မြို့နယ်၆ခုအထိ တိုးချဲ့ဖွဲ့စည်းရာ ဘောလခဲနယ်မှာ ပျောက်ကွယ်ခဲ့ရသည်။ ယခင် တောင်ပိုင်းဘောလခဲကို ဖားဆောင်းနယ်မြေအတွင်းလည်းကောင်း၊ မြောက်ပိုင်းဘောလခဲကို ဒီးမော့ဆိုမြို့နယ်အဖြစ်လည်းကောင်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။၁၉၇၂ခုနှစ် ဇူလိုင်လ၈ရက်နေ့တွင် ဘောလခဲမြို့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
Remove ads
ပထဝီဝင်အနေအထား
တည်နေရာနှင့် အကျယ်အဝန်း
ဘော်လခဲမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ်မှ ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၇ မိနစ်မှ ၉၇ ဒီဂရီ ၅ဝ မိနစ်အတွင်း တည်ရှိသည်။ ဘော်လခဲမြို့နယ်၏ အကျယ်အဝန်းမှာ ၃၅၂.၈၉ စတုရန်းမိုင် (၉၁၄.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂]
နယ်နိမိတ်
ဘော်လခဲမြို့နယ်သည် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်နှင့် ရှားတောမြို့နယ်၊ အရှေ့ဘက်တွင် ရှားတောမြို့နယ်နှင့် မယ်စဲ့မြို့နယ်၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်၊ ဖရူးဆိုးမြို့နယ်တို့နှင့် နယ်နိမိတ် ဆက်စပ်နေသည်။
မြေမျက်နှာ သွင်ပြင်
ဘော်လခဲမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၂ ပေတွင် တည်ရှိပြီး တောင်ကုန်းတောင်တန်းများ ဝန်းရံနေသော ချိုင့်ဝှမ်းဒေသ ဖြစ်သည်။[၂]
ရေဆင်း
ဘော်လခဲမြို့နယ်တွင် မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက် မှတောင်သို့ စီးဆင်းသည်။ ထင်ရှားသောချောင်းမှာ ပွန်ချောင်းဖြစ်ပြီး ဘော်လခဲမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။
ရာသီဥတု
ဘော်လခဲမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၅ လက်မ ဖြစ်သည်။[၂]
Remove ads
လူဦးရေ
ဘောလခဲမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ဗမာ၊ကရင်၊ချင်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
ဘောလခဲမြို့နယ်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၈,၄၈၀ ဦး ဖြစ်ပြီး[၃] ၂၀၁၈ ခုနှစ် မတ်လအထိ လူဦးရေမှာ ၇,၇၃၉ ဦး ဖြစ်ကာ ဘောလခဲမြို့ပေါ်တွင် ၂,၉၇၀ ဦး၊ ဘော်လခဲကျေးလက်ဒေသတွင် ၄,၇၆၉ ဦးနှင့် ရွာသစ်မြို့ပေါ်တွင် ၂၂၃၃ ဦးတို့ နေထိုင်ကြသည်။[၁]
စီးပွားရေး
ဘောလခဲမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးသောမြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် တောင်ယာနှမ်းစိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃ခုရှိသည်။
ဈေးများ
- ဘောလခဲမြို့မဈေး
ပို့ဆောင်ဆက်သွယ်ရေး
ဘောလခဲမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ရေကြောင်း၊ လေကြောင်းနှင့် မီးရထားလမ်းများ မရှိဘဲ ကားလမ်းတစ်မျိုးသာ ရှိသည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၁ကျောင်းရှိသည်။
- အထက ဘောလခဲ
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) နန်းဖဲ
- အလက (ထ(ခွဲ)) ချိကွဲ့
အမက
မူလတန်းကျောင်း ၁၇ကျောင်းရှိသည်။ [၁]
ကျန်းမာရေး
ဘော်လခဲမြို့နယ်တွင် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ခု၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၅ ခု ရှိသည်။[၁]
ဆေးရုံများ
- ဘောလခဲဆေးရုံ
- ရွာသစ် တိုက်နယ်ဆေးရုံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads