ဘွဲလူမျိုး

From Wikipedia, the free encyclopedia

Remove ads

ဘွဲကရင် အမျိုးသားများသည် သံတောင်မြို့နယ်၊ တောင်ပေါ်ဒေသ တစ်လျောက်တွင် အများအပြား နေထိုင်ကြသည်။ ဘွဲနှင့် ပကူးတို့ နေထိုင်ရာဒေသများကို သောက်ရေခတ်ချောင်းက ခြားနားထားသည်။ ဘွဲနှင့် ပကူးအမျိုးသားတို့သည် တစ်ဦးနှင့် တစ်ဦး အိမ်ထောင်ဖက်ခြင်း မပြုလုပ်ကြပေ။

ဘွဲကရင် အမျိုးသားများသည် ဆီဒိုပလိုသင်တိုင်းရှည်၊ ဘောင်းဘီနှင့် ခေါင်းပေါင်းများကို ဝတ်ဆင်၍ အမျိုးသမီးများသည် ဆေးလားခေါ် ခါးပြတ်သင်တိုင်းတို၊ ဂျပ်ခုတ်ကရင်ထဘီ ကန့်လန့်စင်း၊ ခေါင်းစည်းပဝါ၊ လည်ဆွဲ လက်ကောက်နှင့် နားတောင်းများကို ဝတ်ဆင်ကြသည်။

အော်ပွဲများတွင် ဆုံတွေ့၍ ချစ်ကျွမ်းတစ်ဝင် ဖြစ်သွားလျှင် လူပျိုသည် အပျိုအိမ်သို့ လိုက်၍ လည်သည်။ မိမိလိုချင်သော ကတိကို တောင်းသည်။ ပျိုမေ၏ အဖြေကို စောင့်ရသည်။ ချစ်ရေးဆိုရာတွင် စကားထာဝှက်၍ ပျိုမေတို့ စိတ်ယိမ်းယိုင်လာအောင် ပြောရသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads