မကွေးတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
မကွေးတက္ကသိုလ်သည် တောင်တွင်းလမ်း၊ စိုးကောမင်းရပ်ကွက်၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိသည့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တစ်ခု ဖြစ်သည်။

Remove ads
အချိန်မှတ်တမ်း
- ၁၉၅၅ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် မကွေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။
- ၁၉၆၇ ခုနှစ်တွင် မကွေးဥပစာကောလိပ်ကို မကွေးကောလိပ်ဟု အမည်ပြောင်းလဲခဲ့သည်။
- ၁၉၇၀ ခုနှစ်တွင် မကွေးကောလိပ်ကို (၄) နှစ်သင် ကောလိပ်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခဲ့သည်။
- ၁၉၈၂ ခုနှစ်တွင် မကွေးကောလိပ်ကို မကွေးဒီဂရီကောလိပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
- ၁၉၉၃ ခုနှစ်တွင် မကွေးတက္ကသိုလ်တွင် ဂုဏ်ထူးတန်းနှင့် မဟာ ဝိဇ္ဇာ/သိပ္ပံ အရည်အချင်းစစ်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပို့ချခဲ့သည်။
- ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် မကွေးဒီဂရီကောလိပ်ကို မကွေးတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။
- ၁၉၉၅ ခုနှစ် မတ်လ (၉) ရက်နေ့တွင် မကွေးတက္ကသိုလ် မုခ်ဦးကို ဖွင့်လှစ်ခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် မဟာဒဿနဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
- ၁၉၉၈ ခုနှစ်တွင် စနစ်သစ် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံဘွဲ့ သင်တန်း ပထမနှစ်ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
- ၁၉၉၉ ခုနှစ်တွင် အထူးပြုဘာသာရပ် (၁၄) ခုအထိ တိုးချဲ့ဖွင့်လှစ်ပို့ချခဲ့သည်။
- ၂၀၀၂ ခုနှစ်တွင် မဟာသုတေသနသင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
- ၂၀၀၄ ခုနှစ်တွင် အထူးပြုဘာသာရပ် (၁၆) ခုအထိ တိုးချဲ့ဖွင့်လှစ်ပို့ချခဲ့သည်။
- ၂၀၁၆ ခုနှစ်တွင် (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို မကွေးတက္ကသိုလ် ဘက်စုံခန်းမသစ်တွင် ကျင်းပခဲ့သည်။
Remove ads
ဖွဲ့စည်းပုံ
တက္ကသိုလ်တွင် ပရိဝုဏ် ၂ ခုရှိသည်။ အမည်အားဖြင့် အဓိက နှင့် တိုးချဲ့ ဟူ၍ ခေါ်ကြသည်။ ယေဘူယျအားဖြင့် သိပ္ပံကျောင်းသားများသည် အဓိကပရိဝုဏ်တွင် ပညာသင်ကြားကြရပြီး ဝိဇ္ဇာကျောင်းသားများသည် တိုးချဲ့ပရိဝုဏ်ဘက်တွင် သင်ကြားကြရသည်။ ယခုအခါတွင် အဆောင်အသစ်များဖြစ်သော ရွှေကံ့ကော်ဆောင်များကို ဆောက်လုပ်ပြီး ဖြစ်သည်။ အင်္ဂလိပ်စာ ကျောင်းသားများသည် ရွှေကံ့ကော် အဆောင် (၁) တွင် ပညာသင်ကြားလျက် ရှိသည်။ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ကျောင်းသားနားနေဆောင်နှင့် စူးစမ်းရှာဖွေရေးစင်တာတို့သည် တိုးချဲ့ပရိဝုဏ်ဘက်တွင် ရှိသည်။
Remove ads
ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များ
ဝိဇ္ဇာအထူးပြုဘာသာတွဲများ
- ဝိဇ္ဇာဘွဲ့ - BA
- ဥပဒေဘွဲ့ - LLB
- ဝိဇ္ဇာဂုဏ်ထူးဘွဲ့ - BA (Hons;)
- မဟာဝိဇ္ဇာဘွဲ့ - MA
- မဟာဥပဒေဘွဲ့ - LLM
- မဟာသုတေသနဘွဲ့ - MRes
သိပွံအထူးပြုဘာသာတွဲများ
- သိပ္ပံဘွဲ့ - BSc
- သိပ္ပံဂုဏ်ထူးဘွဲ့ - BSc (Hons;)
- မဟာသိပ္ပံဘွဲ့ - MSc
- မဟာသုတေသနဘွဲ့ - MRes
ပညာသင်နှစ်
ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများ ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် ဖွင့်လှစ်သည်။ အရည်အချင်းစစ်စာမေးပွဲများကို စက်တင်ဘာလတွင် ကျင်းပလေ့ရှိသည်။
အထူးစီမံကိန်းသင်တန်းခန်းမများ
အမျိုးသားပညာရည်မြင့်မားရေး စီမံကိန်းအရ Computer Training Centre, Electronic Resource Centre, Language Laboratory, E-education Learning Centre, နှင့် Multimedia Lecture Room များ ဖွင့်လှစ်ထားရှိပြီး ကျောင်းသားကျောင်းသူများအား သင်ကြားပို့ချလျက်ရှိသည်။
တက္ကသိုလ်စာကြည့်တိုက်
ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုများနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ စုစုပေါင်း (၁၁၀,၀၀၀) ခန့်ရှိသည်။ စာမေးပွဲ မေးခွန်းဟောင်းများ၊ သင်ကြားမှုအထောက်အကူပြု စာအုပ်များ၊ သုတရသစာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်သည်။ iPStar Satellite Terminal များ၊ Internet. E-Takkatho, PDLS (Public Digital Library Service) နှင့် Wi-fi များ တပ်ဆင်ထားပြီး Internet Website များကို အသုံးပြုလေ့လာနိုင်သည်။
ကိုးကားကျမ်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads