မင်းကွန်းခေါင်းလောင်းတော်ကြီး
ခေါင်းလောင်း From Wikipedia, the free encyclopedia
Remove ads
မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်၊တနလ်ာနေ့တွင်ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။

ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်း တော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးဘုရင်၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။
Remove ads
အတိုင်းအတာ
- အဝအချင်း = ၁၆' ၈ ၁/၄" (၁၁)တောင်၊ (၄)သစ်
- လုံးပတ် = ၅၀' ၃/၄" (၃၃)တောင်၊ (၁)မိုက်
- အစောက် = ၂၀' ၃" (၁၃)တောင်၊ (၁)မိုက်၊ (၄)သစ်
- အလေးချိန် = ၉၀.၅၂ တန်
- ပိဿာချိန် = ၅၅၅၅၅ ပိဿာ
မင်းဖြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြာသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။ [၁]
နှိုင်းယှဉ်စရာ ထိုခေါင်းလောင်း ၂ လုံးမှာ ယနေ့ဆို ရန်ကုန်မြို့ ရွှေတိဂုံစေတီ ကုန်းတော်၌ ရှိနေကြသည်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်း အပ်ပညာရပ်၌ လက်ခပ် မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့် အချက်ကို ဘိုးတော်ဘုရား ကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့်၊ ((အနုပညာ လက်ရာပညာရှင် ကိုသူ့ထက်ကြီးသည့် ခေါင်းလောင်းတစ်လုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်) ဘယ်ကအထောက်အထားနဲ့ ရေးသားသနည်း ကျိန်ဆိုရဲပါသလား (သေဒဏ်))
Remove ads
ိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads