မင်းမင်းလတ်
From Wikipedia, the free encyclopedia
Remove ads
မင်းမင်းလတ်သည် မြန်မာ စတီရီယိုခေတ်ဦး အဆိုကျော်တစ်ယောက် ဖြစ်သည်။ စတီရီယိုတေးဟု ခေါ်နေကြသော ဂီတသစ်သည် (၁၉၆၉/၇၀) ခုနှစ်က စတင်ခဲ့၍ (၂၀၂၀) ခုနှစ်တွင် နှစ်ပေါင်း (၅၀)အကျော် ရောက်လာခဲ့ပြီ ဖြစ်သည်။ သမရိုးကျသံစဉ်များနှင့် ရိုးအီထပ်နေသော တေးသွားတွေအကြားမှာ ခေတ်မီဆန်းသစ် တီထွင်ချင်သော လူငယ်များ၊ ကမ္ဘာကို မျှော်ကြည့်ချင်သော လူငယ်များသည် နိုင်ငံတကာ တေးသွားသံစဉ်များနှင့် သီဆိုခဲ့ကြသည်။ ဂီတသစ်ကို စတင်လမ်းဖောက်သူမှာ ဆေးကျောင်းသား မောင်ထွန်းနောင် (တက္ကသိုလ်ထွန်းနောင်)ဖြစ်သည်။ သူ့နောက်တွင် ထပ်ကြပ်မကွာလိုက်ပြီး လမ်းဟောင်းကြီးကို ခုတ်ထွင်ရှင်းလင်း၍ လမ်းသစ်ဖောက်ခဲ့သူမှာ မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ဟူသော လူငယ်တစ်ယောက်ပင် ဖြစ်သည်။
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
မင်းမင်းလတ် (ခေါ်) မာရှယ်လ် Marshal ကို ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှူး ဦးခင်မောင်လတ် နှင့် ဒေါ်ခင်အေးလတ်တို့က ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ၊ (၁၁)ရက်နေ့ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ အဘိုးဖြစ်သူမှာ မြန်မာပြည်တွင် ပထမဆုံး ရုပ်ရှင်စလုပ်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။
သီချင်းသီဆိုမှုကို ငယ်ငယ်လေးထဲက ဝါသနာပါကာ၊ မိဘပေးသော မုန့်ဖိုးလေးများစုပြီး သီချင်းစာအုပ်ထုတ်သည်။ ရရှိသည့်အမြတ်ကိုစု၍ သီချင်းရေးဆရာများကို သီချင်းအပ်ကာ (၁၉၇၁)ခုနှစ်တွင် ဦးဘသိန်း တေးသံသွင်းတွင် တစ်ရက်ထဲနှင့် အသံသွင်းခဲ့သည်။ သီချင်းဆယ်ပုဒ် အသံသွင်းခဲ့ပြီး တစ်ပုဒ်မှာ မထုတ်ဖြစ်ခဲ့ပါ။ ထိုေခတ်ေငွတန်ဖိုးဖြင့် ကုန်ကျစရိတ် ကျပ်(၂၀၀၀) လောက်သာရှိသည်။
ပထမဆုံးစီးရီးကို ၁၉၇၁ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ထွက်ခဲ့သည်။ ပထမဆုံးစီရီးမှာ သီချင်းမှာ (ဆံရှည်မလေး၊ အားလုံးကချစ်တဲ့သူ၊ အပေါ်ထပ်နဲ့အောက်ထပ်၊ အချစ်ရူးရဲ့စိတ်ကူးယဉ်၊ အာဂျီနိုမိုတို၊ စိတ်တေလေ၊ မူယာမာယာမိုး၊ ရည်းစားများတဲ့သူ၊ အိမ်လိုက်ခဲ့ပါရည်းစားချော) စသည့် သီချင်းတစ်ပုဒ်ချင်း ခေါင်းစဉ်တွေ ပေးထားသည်။ သီချင်းအားလုံး၏ Title ဆိုသည်မှာ မရှိသေးပါ။ ဝေါလ်ရှိများ၊ ပိုစတာများ၊ ပုံနှိပ်မှုများလည်း မရှိသေးပါ။ စီးရီးခွေ စုစုပေါင်း ၁ဝ ခွေကျော် ထွက်ခဲ့သည်။ သူ့၏ အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံး သီချင်းမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း၊ ယုဇနပင်နဲ့ ဖဲကြိုးဝါ ဖြစ်သည်။ သီချင်းရေးခြင်းကိုလည်း ဝါသနာပါပြီး၊ ဆေးဆိုးပန်းရိုက်မျက်နှာ၊ ပညတ်တော် (၁၀)ပါး၊ ဂေါ်လီမလေး အစရှိသည့် သီချင်းများကို အခြားသူများနှင့် တစ်ဝက်စီ ရေးစပ်ခဲ့သည်။ သူ့၏သီချင်းများသည် အများအားဖြင့် ကော်ပီသီချင်းများ ဖြစ်သည်။ သူသည် အားလပ်ချိန်များတွင် ဂစ်တာတီးပြီး သီချင်းဆိုလေ့ရှိသည်။
သီချင်းများသွင်းပြီး ရန်ကုန်မြို့၊ အနော်ရထာလမ်း၊ လသာလမ်း၊ လမ်းမတော်မှာရှိသော တေးသံသွင်းဆိုင်များတွင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်၊ သီချင်း(၉)ပုဒ်ကို (၄၅၀)ကျပ်နှင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လည်ရောင်းခဲ့ရသေးသည်။ တက္ကသိုလ်ထွန်းနောင်၊ မင်းမင်းလတ်၊ တက္ကသိုလ် အေးမောင် (ရယ်ဂျီ ဘဦး)၊ သန်းနိုင်၊ မြန်မာပြည်သိန်းတန်၊ လားရှိုး သိန်းအောင်တို့၏ သီချင်းများ ထွက်လာချိန်ကစပြီး အသစ်အသစ်တွေကို တောင့်တနေတဲ့၊ မျှော်လင့်နေတဲ့၊ ခေတ်မီချင်တဲ့ လူငယ်တွေကြားမှာ ရေပန်းစား၊ ထင်ရှားကျော်ကြားလာသည်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် ဂစ်တာတီးတဲ့ လူငယ်တွေကို စာနယ်ဇင်းတွေက ဝေဖန်ရှုံ့ချ ကဲ့ရဲ့ခဲ့ကြသည်။ အနောက်တိုင်း သံစဉ်တွေနှင့် အရူးချေးပန်းတေး၊ လမ်းသရဲတေးများဟု ဖြစ်သည်။
ဘယ်လိုပင် ချုပ်ချယ်တားဆီးခဲ့ပေမယ့်၊ လက်ခံအားပေးတဲ့ သူတွေအကြားမှာ ရှင်သန်လာခဲ့တဲ့ ဂီတသစ်ရဲ့ ကာလဟာနှစ်ပေါင်း (၅၀)နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မင်းမင်းလတ်သည် Heavy Metal, Rock သီချင်းများကို နှစ်ခြိုက်စွာ သီဆိုခဲ့သည်။ Deep Purple၊ Jimi Hendrix၊ Led Zeppelin အစရှိသော အဆိုတော်များ၊ တီးဝိုင်းများကို နှစ်ခြိုက်ခဲ့ဖူးသည်။Heavy metal ဘိုးအေများဖြစ်သော Black Sabbath၊ Free၊ Iron Butterflyတို့၏သီချင်းများကိုသူပထမဆုံးCopyလုပ်ခဲ့သည်။တိပ်ခွေalbum cover photo၊တိပ်ခွေalbumတွင်ပါသော fantasy art photo များကို သူပဲပထမဆုံးပြုလုပ်ခဲ့သည်။သူများတွေက Cliffe Richard၊Elvis Presley၊The Beatlesတို့၏သီချင်းများကိုCopyပြုလုပ်နေချိန်တွင် သူကBBC၊VOA၊Bilboard၊UK Top Chartတို့တွင် Top tenဝင်နေသောSantana၊Down၊Edison Lighthouse၊Three Dogs Nightစသောတီးဝိုင်းသစ်များ၏သီချင်းများကိုCopyလက်ဦးယူကာလုပ်ခဲ့သည်။CCR(Creedence Cleanwater Revival)သီချင်းများကိုသူပဲပထမဦးဆုံးCopyလုပ်ခဲ့သည်။နောက်မှလူတိုင်းက CCRမှCCR ဖြစ်လာကြသည်။တီးဝိုင်းသစ်များ၏သီချင်းသစ်များကိုCopyလုပ်သောကြောင့်သူ့သီချင်းများက အရမ်းခေတ်ရှေ့ပြေးနေပြီး ထိုခေတ်ကမြန်မာပရိသတ်နှင့်သဟဇာတ မတည့်၍မအောင်မြင်သောအခါမျိုးလည်းရှိခဲ့သည်။သူသည်အမြဲတမ်းတီထွင်ဆန်းသစ်ခြင်သောစိတ်ရှိသူဖြစ်သည်။သူ့အကျင့်က သူသိပ်ကြိုက်ခဲ့ဖူးတဲ့ အဆိုတော်တွေကို ကြာရင် မကြိုက်တော့ပြန်ဘူး။ ငြီးငွေ့သွားပြန်တယ်။ သူဟာ အမြဲတမ်း တီထွင်ဆန်းသစ်နေချင်တယ်။ အမြဲတမ်းတက်ကြွပြီး သံစဉ်သစ်တွေကို အာရုံဝင်စားတတ်တယ်။ နောက်ပြီး စိတ်အာရုံညောင်းသွားရင် တခြား အသစ်တွေ လုပ်နေပြန်ရော၊ သူများတွေထက် အစောကြီးသီချင်းဆိုခဲ့တယ်။ စတီရီယိုတေးလို့ ဝေါဟာရအမှားကြီးနဲ့ ကင်မွန်းတပ်ခဲ့တဲ့ ဂီတသစ်(ရောခ့်)သီချင်းတွေ ခေတ်စားနေတဲ့အခါ ခေတ်မီသန့်ရှင်းပြီး မြန်မာဆန်တဲ့ ရိုးရာထမင်းဆိုင် ဖွင့်ပြန်ရော၊ နောက်တစ်ခါ ထိုင်းနိုင်ငံကို ထွက်သွားပြီး (၃)နှစ်လောက်အလုပ်သွား လုပ်နေပြန်တယ်။ ပြီးတော့ ပြန်လာပြီး သီချင်းသစ်တွေ ဆိုတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ " သိပ္ပံရုပ်ရုင်ကင်း " လို့ အမည်ပေးထားတဲ့ ဂီတတွေဟာ မြန်မာပရိသတ်နားနဲ့ စိမ်းနေသေးတယ်လေ။ ဒီလိုနဲ့ပဲ လမ်းမတော်၊ လသာလမ်း၊ ကုန်ဈေးတန်း၊ ပန်းဆိုးတန်း၊ ခရစ်လမ်း၊ ဗိုလ်တစ်ထောင် ဘုရားလမ်းမကြီးတွေမှာ ခေါက်ကုလားထိုင်၊ ဝါးထရံကာတားတဲ့ စင်မြင့်ထက်တွေမှာ အပျော်တမ်းလိုက်ဆို နေခဲ့တယ်။
Remove ads
စာရေးဆရာ
မင်းမင်းလတ်သည် အဆိုတော်တစ်ဦး ဖြစ်ရုံသာမက စာပေများလည်းရေးသားခဲ့သည်။ လမ်းပေါ်က ဝေါဟာရများ စာအုပ်ကို ထုတ်ခဲ့၏။ မင်းမင်းလတ်ရဲ့ မင်းမင်းလတ် စာအုပ်ထဲတွင် သူ့အကြောင်းကို သူကိုယ်တိုင်ပဲ ရေးခဲ့သည်။ သူ့အကြောင်းကို သူမရှိမှ သူများတွေရေးပါဟု ဆိုခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ဇနီး ယမင်းကြိုင်(နေနေလှိုင်းဇင်)နှင့် လက်ထပ်ကာ သားသမီး(၄)ဦးဖြစ်သည့် အဓိက၊ အနဂ္ဂ၊ အမရာ နှင့် အလင်္ကာတို့ကို မွေးဖွားခဲ့သည်။ ဒုတိယသားဖြစ်သော အနဂ္ဂသည် ဖခင်ခြေရာအတိုင်း တေးစီးရီးတွေကို ၂၀၀၀-ခုနှစ်မှ စတင်ထုတ်ခဲ့ရာဟစ်ဟော့ ဂီတ Hip Hop တေးများ သီဆိုပြီး အောင်မြင်နေသူ ဖြစ်သည်။ မင်းမင်းလတ်သည် သီချင်းဆိုခြင်းကို ၁၉၈၆-ခုနှစ် မေဆွိနှင့် တစ်ခြမ်းစီ အခွေထုတ်ပြီး နောက်ပိုင်းမှာ သီချင်းဆက်မဆို ဖြစ်တော့ပါ။
Remove ads
ဘဝနိဂုံး
မင်းမင်းလတ်သည် အသက် (၄၈)နှစ်အရွယ် ၁၉၉၇-ခုနှစ်၊ ဩဂုတ်လ၊ ၂၂ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
သူသည် ဒီနေ့ခေတ် မြန်မာလူငယ်များ လက်ခံနေသော ခေတ်သစ်နိုင်ငံတကာ ဂီတသစ်ကို လမ်းဖောက်ခဲ့သူအဖြစ် ဂီတသမိုင်းတွင် ရှိနေဦးမည်။ သူ့၏ သီချင်းများကို ဇော်ဝင်းထွဋ်မှ ဆေးဆိုးပန်းရိုက်မျက်နှာ စီရီးခေါင်းစဉ်နှင့် မင်းမင်းလတ် အောင်မြင်ကျော်ကြားခဲ့သော သီချင်း ၁၃ ပုဒ်ကို ပြန်ဆိုခဲ့သည်။ ထို့အပြင် အခြား အဆိုတော်များကလည်း သူ့သီချင်းများကို ပြန်ဆိုထားပါသေးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads