ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲကျော်ထင်
From Wikipedia, the free encyclopedia
Remove ads
ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲကျော်ထင်[၂]သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရေငုပ်သင်္ဘောဖြစ်ပြီး တရုတ်နိုင်ငံလုပ် Type 035 Ming အတန်းအစားများ၏ Type 035G ဒီဇိုင်းမျိုးကွဲ ရေငုပ်သင်္ဘောဖြစ်သည်။[၁] navalnews အရ Type 035B ဒီဇိုင်းမျိုးကွဲဖြစ်သည်။[၃]၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်သော တပ်မတော် (ရေ) ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်ခဲ့သည်။[၄] ရေငုပ်သင်္ဘောကို တရုတ်နိုင်ငံထံမှ လက်ခံရယူခဲ့ခြင်း ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို တပ်မတော်မှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။[၁]
Remove ads
သမိုင်း
၁၉၅၀ခုနှစ် တရုတ်-ဆိုဗီယက်ချစ်ကြည်ရေး၊ မဟာမိတ်နှင့် အပြန်အလှန်ကူညီရေးစာချုပ်အရ ၁၉၆၃ခုနှစ်တွင် ဆိုဗီယက်ယူနီယံသည် Romeo အတန်းစား ရေငုပ်သင်္ဘောများ ထုတ်လုပ်ရန်အတွက် လိုအပ်သော ဒီဇိုင်းအသေးစိတ်အချက်အလက်များကို တရုတ်ထံသို့ ပေးပို့ခဲ့ပြီး ၁၉၆၂နှင့် ၁၉၈၄ခုနှစ်အကြား စုစုပေါင်း ၈၄ စီးကို တရုတ်နိုင်ငံက တည်ဆောက်ခဲ့သည်။ တရုတ်လုပ်မျိုးကွဲကို Type 033 ဟု လူသိများပြီး ၎င်းမျိုးကွဲ၏ သင်္ဘာကိုယ်ထည်ကို အခြေခံ၍ အဆင့်မြှင့်တင်ထားသော Type 035 Ming အတန်းစား ၂ စီးကို ၁၉၇၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။
ထိုမှတစ်ဆင့် Type 035G မျိုးကွဲ စုစုပေါင်း ၁၂ စီးကို ၁၉၉၀ နှင့် ၁၉၉၉ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့ပြီး အထူးသဖြင့် ဆူညံသံလျှော့ချရေး၊ လက်နက်များ၊ အာရုံခံကိရိယာများနှင့် အမှုထမ်းများ၏ လူနေမှုအဆင့်အတန်းဆိုင်ရာ အဆင့်မြှင့်တင်မှုများဖြင့် တည်ဆောက်ထားသည်။
ခေတ်အမှီဆုံး ဒီဇိုင်းမျိုးကွဲမှာ Type 035B ဖြစ်ပြီး၊ ၎င်းတို့၏ တော်ပီဒိုပြွန်များမှ မြေပြင်တိုက်ခိုက်ရေး ခရုဇ်ဒုံးကျည်များကို ပစ်လွှတ်နိုင်စွမ်းရှိသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း စုစုပေါင်း ၄ စီးကို တည်ဆောက်ခဲ့သည်။
ရေငုပ်သင်္ဘာ မင်းရဲကျော်ထင်သည် တရုတ်နိုင်ငံထံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး အသုံးပြုပြီး ပြန်လည်အဆင့်မြှင့်တင်ထားခြင်း ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို တပ်မတော်မှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။[၁]
Remove ads
တပ်တော်ဝင်ခြင်း
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် မြန်မာ့တပ်မတော်ရေ ၇၄နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ရေငုပ်သင်္ဘောမင်းရဲကျော်ထင် နှင့်အတူ မြန်မာနိုင်ငံတွင် တည်ဆောက်ခဲ့သည့် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၂ စီးနှင့် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ် ၂ စီးတို့နှင့်အတူ တပ်တော်ဝင်ခဲ့သည်။ ရေငုပ်သင်္ဘာ၏အမည် "မင်းရဲကျော်ထင်"သည် ရှေးမြန်မာမင်းများလက်ထက် ရန်အပေါင်းကို ရင်ဆိုင်ချေမှုန်းခဲ့သည့် အလွန်ရဲရင့်ကျော်ကြား ထင်ရှားသည့် သူရဲကောင်းများကို ပေးလေ့ရှိသည့် ဘွဲ့အမည်ဖြစ်ပြီး မင်းရဲဆိုသည်မှာ အလွန်ရဲရင့်သည့် သူရဲကောင်းဟု အဓိပ္ပါယ်ရပြီး၊ ကျော်ထင်ဆိုသည်မှာ ကျော်ကြားထင်ရှားခြင်းဟု အဓိပ္ပါယ်ရသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads