မနီလာလျှော်
From Wikipedia, the free encyclopedia
Remove ads
မနီလာလျှော်
မနီလာလျှော်သည် ဖိလစ်ပိုင်ကျွန်းဟုနှင့် ဆန်ဒါကျွန်းစုများတွင် ပေါက်ရောက်သော တိုင်းရင်း အမည် အဗက ငှက်ပျောပင်မှရသည့် အမျှင်ဖြစ်သည်။ ယင်းအပင်၏ ရုက္ခဗေဒအမည်မှာ တက်စတိုင်းလစ်ဖြစ်၍ မည်သည့်မြေတွင် မဆို စိုက်ပျိုးနိုင်သည့် ငှက်ပျောပင်တစ်မျိုး ဖြစ်သည်။ ၉ ပေ မှ ၁၈ ပေအထိမြင့်သော နှစ်ကြာခံ ပင်မျိုးဖြစ်၍ ငှက်ပျော ပင်ကဲ့သို့ရှည်ဖားဖားအရွက်ကြီးများ ရှိသည်။ အမျှင်များကို အရွက်များမှရရာ ထိုအမျှင်များကို ယခင်က ဖိလစ်ပိုင်ကျွန်းစု ၏ မြို့တော်ဖြစ်သော မနီလာမြို့၌ အကြီးအကျယ် ရောင်းဝယ် ဖောက်ကား ပြုလုပ်သဖြင့် ယင်းမြို့ကို အစွဲပြု၍ မနီလာလျှော် ဟု ခေါ်သည်။ လျှော်အချောစားကို အထည်အလိပ်များ ရက် လုပ်၍ အကြမ်းစားကို မနီလာကြိုး၊ ပတ္တူ၊ ကောဇောစသည်တို့ ပြုလုပ်ကြသည်။ မနီလာမှထွက်သော မနီလာလျှော် တစ်ဝက် ကျော်ကျော်လောက်ကို ကြိုးကျစ်ရန် အမေရိကန် ပြည်ထောင်စု နိုင်ငံသို့တင်ပို့ရသည်။ မနီလာကြိုးကား ကမ္ဘာပေါ်တွင် ထင်ရှားသော ကြိုးပင်ဖြစ်လေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads