မနူဟာဘုရား

From Wikipedia, the free encyclopedia

မနူဟာဘုရား
Remove ads

မနူဟာဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြင်းကပါအရပ်၌ တည်ရှိသည်။

Thumb
မနူဟာဘုရား
Thumb
မနူဟာဘုရား
  • စေတီပုထိုးအမှတ် = ၁၂၄၀/၅၇၅

စေတီတော်သမိုင်း

မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း(မကုတ) မှခရစ်နှစ် ၁၀၆၇ နှစ်တွင် တည်ခဲ့သော ဘုရားဖြစ်သည်။ သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသည်ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထာအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင် ဝတ်သောနန်းစဉ်လက်စွပ်ကို ပုဂံသူဌေးတစ်ဦးအား ရောင်းချကာ ဘုရားကိုတည်သည်ဟု သိရသည်။ ပုဂံမြို့၊ မြင်းကပါအရပ်တွင် တည်ထားသည်။

Remove ads

ဗိသုကာ လက်ရာများ

ကုလားကျောင်းခံ လိုဏ်ဂူဘုရား တည်သည်။ လိုဏ်ဂူမှာ စတုရန်းပုံနှစ်ထပ် ဆောက်ထားပြီး အပေါ်ထပ်လိုဏ်သည် အောက်ထပ်ထက်ငယ်သည်။ ပစ္စယာများအထက်၌ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ရည်၍ စေတီငယ် (၃၇)ဆူ တည်သည်ဟု ယူဆကြလေသည်။ ဘုရားဂူအတွင်း၌ ရှေ့ဘက်တွင် ဘူမိဖဿမုဒြာ အနေအထားဖြင့် တင်ပျဉ်ခွေ တစ်ဆူနှင့် ဘေးတစ်ဘက်တစ်ချက်တွင် အရန်ဆင်းတုတော် တစ်ဆူစီရှိ၍ ဂူပြည့်လုနီးပါး ဖြစ်သည်။ လိုဏ်ဂူ အနောက်ဘက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။ ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမားတော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာအပြည့် ဖြစ်နေကြသည်။ ဆင်းတုတော်ကြီးများသည် မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။ မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့ မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။

Thumb

မနူဟာဘုရားသည် အကျဉ်းသားအဖြစ် ပုဂံတွင်နေရသော မနူဟာမင်း၏ ကောင်းမှုတော် ကြောင့်လည်းကောင်း၊ လိုဏ်ဂူအတွင်း၌ ပူဇော်ထားသော ထိုင်တော်မူ ဆင်းတုတော် သုံးဆူနှင့် လျောင်းတော်မူ ဆင်းတုတော်ကြီးမျာ၏ အလွန်တရာကြီးမားမှုကြောင့် လည်းကောင်း ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူ ဖြစ်သည်။ သို့သော် နောက်ပိုင်းလေ့လာတွေ့ရှိချက်များ အရမူ ယနေ့တွေ့မြင်တည်ရှိနေသော ကျဉ်းမြောင်းကျပ်တည်းသော ဘုရားကျောင်းဆောင်မှာ နဂိုမနူဟာမင်းတည်သည့် လက်ရာမျိုးမဟုတ်ကြောင်း ထပ်မံသိရှိရသည်။ []

မနူဟာမင်းသည် "ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို" ဟူ၍ ဆုတောင်းသွားကြောင်း သမိုင်းစာ၌ တွေ့ရလေသည်။ []

Remove ads

ရုပ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads