မန္တလေးဘူတာကြီး

မန္တ​လေးမြို့ရှိ ဘူတာ From Wikipedia, the free encyclopedia

မန္တလေးဘူတာကြီးmap
Remove ads

မန္တလေး ဘူတာကြီးသည် မန္တလေးမြို့လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ဘူတာရုံများထဲမှ တစ်ခုဖြစ်သည်။ ဘူတာကြီးသည် အထက်မြန်မာပြည်၏ ၃,၁၂၆ မိုင် (၅,၀၃၁ ကီလိုမီတာ)ရှိသော မီရထားလမ်းကွန်ယက်၏ ရထားလမ်းဂိတ်ဝဖြစ်သည်။ အဓိက ရန်ကုန်-မန္တလေး မီရထားလမ်းသည် မန္တလေး ဘူတာကြီးတွင် ဂိတ်ဆုံးသည်။[] ဘူတာကြီးသည် ပြင်ဦးလွင်လာရှိုးမုံရွာပခုက္ကူဂန့်ဂေါနှင့် မြောက်ဘက်တွင် ရွှေဘိုကောလင်းကန့်ဘလူမိုးညှင်းဟိုပင်မိုးကောင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ မီးရထားလမ်းခွဲများ စတင်ရာ နေရာလည်း ဖြစ်သည်။

အချက်တိုများ မန္တလေး ဘူတာကြီး, တည်နေရာ ...

မန္တလေး ဘူတာကြီးသည် ၇ ထပ်မြင့်သော အဆောက်အအုံတစ်ခုဖြစ်ကာ ဟိုတယ်တစ်ခုလည်း ပါဝင်သည်။ ယခင်ဘူတာရုံဟောင်းသည် လက်ရှိဘူတာရုံ၏ တောင်ဘက်တွင် တည်ရှိသည်။[]

Remove ads

ယခင်ဘူတာကြီး

ယခင်က မန္တလေးဘူတာကြီးသည် နှစ်ထပ်အဆောက်အအုံဖြစ်၍ မြေညီထပ်တွင် ထူထဲခိုင်ခန့်သော နံရံကြီးများရှိ၍ ဆေးဝါသုတ်ထားသည်။ ပထမထပ် (အပေါ်ထပ်) ကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး အုပ်ကြွပ်ချပ်များဖြင့် မိုးထား၏။ ကိုလိုနီခေတ်၏ အမှတ်လက္ခဏရှိ အဆောက်အဦးဖြစ်သည်။ ၁၉၉၅ ဖော်ဖော်ဝါရီ ၁၃ တွင် ထိုအဆောက်အဦးကို ဖြိုဖျက်၍ ယခုမြင်ရသော အဆောက်အဦးသစ်ဖြင့် အစားထိုးခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads