မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာမြို့ခံ ​ဘောလုံးအသင်း တစ်သင်း From Wikipedia, the free encyclopedia

မန်ချက်စတာ ယူနိုက်တက်
Remove ads

မန်ချက်စတာယူနိက်တက် ဘောလုံးကလပ် အား မန်ယူနိုက်တက်[][] သို့မဟုတ် သရဲနီ အသင်း ဟု တစ်လုံးတည်း ခေါ်ဆိုလေ့ ရှိကြပြီး အင်္ဂလန်နိုင်ငံ ဂရိတ်တား မန်ချက်စတာ၊ ထရတ်ဖို့ဒ်ရှိ အိုးထရတ်ဒ်ဖို့ဒ်ဘောလုံးကွင်းကို အခြေပြုသော အင်္ဂလန် ဘောလုံးကလပ်တစ်ခုဖြစ်ကာ အင်္ဂလိပ် ဘောလုံးကစားနည်း၏ ထိပ်တန်း ဘောလုံးပြိုင်ပွဲဖြစ်သော ပရီးမီးယားလိဂ်တွင် ပါဝင်ကစားနေသော အသင်းဖြစ်သည်။ မှင်စာနီများ ဟု အမည်ပြောင်ပေးထားသော ကလပ်ကို ၁၈၇၈ ခုနှစ်တွင် နယူတန် ဟိသ် ဘောလုံးကလပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၀၂ ခုနှစ်တွင် မန်ချက်စတာ ယူနိုက်တက်ဟု အမည်ပြောင်းခဲ့ကာ ယခုလက်ရှိ ကစားကွင်းဖြစ်သော အိုးထရတ်ဒ်ဖို့ဒ် ဘောလုံးကွင်းသို့ ၁၉၁၀ တွင် ရွှေ့ပြောင်းလာခဲ့သည်။

အချက်တိုများ အသင်းအမည်, အခြားအမည် ...


မန်ချက်စတာယူနိုက်တက် သည် အင်္ဂလိပ်ဘောလုံးလောကတွင် အခြားကလပ်အသင်းများထက် ဆုဖလား အရေအတွက် ပိုမိုရရှိခဲ့သော အသင်းဖြစ်ပြီး [] လိဂ်ဖလား ၂၀ကြိမ်၊ အက်ဖ်အေဖလား ၁၃ ကြိမ်၊ အီးအက်ဖ်အယ်လ်ဖလား ၆ကြိမ် နှင့် အက်ဖ်အေ ကွန်မြူနတီဒိုင်း ၂၁ ကြိမ်(၄ကြိမ်ပူးတွဲ) စံချိန်တင် ရရှိခဲ့ဖူးသော အသင်းဖြစ်သည်။ ထို့ပြင် မန်ချက်စတာယူနိုက်တက်သည် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဖလား ၃ကြိမ်၊ ယူအီးအက်ဖ်အေ ယူရိုပါ လိဂ်ဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေ ဝင်းနား ဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ကြိမ်၊ အင်တာကွန်တီနန်တယ် ဖလား ၁ကြိမ် နှင့် ဖီဖာကလပ် ကမ္ဘာ့ဖလား ၁ကြိမ် ဆွတ်ခူးရရှိခဲ့ဖူးသည်။ ၁၉၉၈-၉၉တွင် မန်ယူ အသင်းသည် သမိုင်းတလျှောက်တွင် ကွန်တီနန်တယ် ဥရောပဖလား ၃ ခု ကို ရာသီတစ်ခုထဲတွင် ဆွတ်ခူးရယူနိုင်ခဲ့သော ပထမဆုံး ကလပ်အသင်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။[] ၂၀၁၆-၁၇ တွင် ယူအီးအက်ဖ်အေ ယူရိုပါ လိဂ် ပြိုင်ပွဲတွင် ဖလားရခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေ ကလပ် ပြိုင်ပွဲ ၃ ခုစလုံးကို အောင်နိုင်ခဲ့သော ကလပ်အသင်း ၅ ခုတွင် တစ်ခု အပါအဝင်ဖြစ်လာခဲ့ကာ ပြိုင်၍ရသမျှသော ပြိုင်ပွဲဟူသမျှတွင် ဖလားရခဲ့သော အင်္ဂလိပ် ဘောလုံးကလပ် တစ်ခုအဖြစ်လည်း စာရင်းဝင်ခဲ့သည်။[]

၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ်ပျက်ကျမှုကြောင့် ကစားသမား ၈ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၆၈ ခုနှစ်တွင် မတ် ဘတ်စဘီ၏ အုပ်ချုပ်မှုအောက်တွင် မန်ယူအသင်းသည် ဥရောပဖလားကို ပထမဆုံး အကြိမ် ဆွတ်ခူးသော အင်္ဂလိပ် ဘောလုံးကလပ် ဖြစ်လာခဲ့သည်။ ဆာ အဲလက်စ် ဖာဂူဆန် အငြိမ်းစားယူတော့မည့်ဟု ကြေညာသည့် အချိန်တွင် ပြန်ကြည့်မည် ဆိုပါက ၎င်းမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည့် ၁၉၈၆ မှ ၂၀၁၃ အတွင်းတွင် ဖလား ၃၈ ခု ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ၁၃ ကြိမ်၊ အက်ဖ်အေ ဖလား ၅ ကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၂ ကြိမ် တို့ ပါဝင်သည်။[][][၁၀]

မန်ချက်စတာ ယူနိုက်တက်သည် ၂၀၁၆-၁၇ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံး ဘောလုံးကလပ် ဖြစ်ခဲ့ပြီး တစ်နှစ်လုံး ဝင်ငွေ စတာလင်ပေါင် ၆၇၆.၃ သန်းမျှ ရှိကာ [၁၁] ၂၀၁၈ ခုနှစ်တွင် ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး ဘောလုံးကလပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး တန်ဖိုး စတာလင်ပေါင် ၃.၁ ဘီလီယံမျှ ရှိသည်။ [၁၂] ၂၀၁၅ ခုနှစ် ဇွန်လတွင် ကမ္ဘာပေါ်တွင် တန်ကြေး အမြင့်ဆုံး ဘောလုံးအမှတ်တံဆိပ် အဖြစ် တည်ရှိခဲ့ကာ အမှတ်တံဆိပ်၏ တန်ဖိုးကို ၁.၂ ဘီလီယံဒေါ်လာမျှ ခန့်မှန်းခဲ့ကြသည်။[၁၃][၁၄] လန်ဒန် စတော့အိတ်ချိန်းတွင် ၁၉၉၁ ခုနှစ် အများပိုင် ကုမ္ပဏီအဖြစ် စာရင်းသွင်း ရောင်းချခဲ့သည့် အချိန်နောက်ပိုင်းတွင် မယ်လ်ကွန် ဂလေဇာမှ ၂၀၀၅ ခုနှစ် မေလတွင် စတာလင်ပေါင် သန်း ၈၀၀ ခန့်မျှ တန်ဖိုးဖြင့် ဝယ်ယူခဲ့ပြီး ပုဂ္ဂလိကပိုင် အဖြစ် ပြန်လည် ပြောင်းလဲခဲ့ကာ ၂၀၁၂ ခုနှစ် ဩဂုတ်လတွင်မှ အများပိုင် အဖြစ် တစ်ဖန် ပြန်လည် ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် နယူးယောက် စတော့အိတ်ချိန်းတွင် ပထမဆုံး အများပိုင် ရောင်းချခြင်း ပြုလုပ်ခဲ့သည့် အချိန်က မန်ချက်စတာ ယူနိုက်တက်သည် ကမ္ဘာပေါ်တွင် ထောက်ခံမှု အကျယ်ပြန့်ဆုံး ရရှိသည့် ဘောလုံးကလပ်တစ်ခု အဖြစ်တည်ရှိနေခဲ့သည်။[၁၅] ၎င်း၏ ပြိုင်ဘက် ကလပ်အသင်းများမှာ လီဗာပူးမန်ချက်စတာ စီးတီးအာဆင်နယ်၊ ချယ်ဆီး နှင့် လိဒ်ယူနိုက်တက် တို့ ဖြစ်ကြသည်။

Remove ads

ဘဏ္ဍာရေး

အသင်းကို မူလက လန်ကက်ရှိုင်းယားနှင့် ယော့(ခ်) ရှိုင်းယား မီးရထား ကုမ္ပဏီက စတင်တည်ထောင်ပေးထားခြင်း ဖြစ်ပြီး ၁၈၉၂ ခုနှစ်တွင် အများပိုင် ကုမ္ပဏီ ဖြစ်လာသည်။ အစုတစ်စု၏ တန်ဖိုးမှာ တစ်ပေါင် (£1) ဖြစ်သည်။ ၁၉၀၂ ခုနှစ်တွင် ဒေဝါလီ ခံရမည့် အရေးမှ သူဌေး (၄) ဦးမှ ပေါင် (၅၀၀) ဖြင့် ဝယ်ယူ ပိုင်ဆိုင်ခဲ့သည်။ ထိုသူဌေး (၄) ဦးတွင် ကလပ်အသင်း၏ မန်နေဂျာ ဥက္ကဋ္ဌ ဖြစ်လာမည့် ဂျေ၊ အိတ်ခ်ျ ဒေးဗီး(စ်) လည်း ပါဝင်သည်။ ၁၉၂၇ ခုနှစ်တွင် သူ ကွယ်လွန်သည့်အခါ၌ ဒေဝါလီ ခံရမည့် ဒုက္ခကို တွေ့ရပြန်လေတော့သည်။ သို့သော် ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျိမ်း(စ်) ဒဗလျူ ဂစ်(ဘ်)ဆင်က ပေါင် (၂,၀⁠၀၀) ဖြင့် ကလပ်အသင်းကို ပိုင်ဆိုင်ခဲ့သည်။ နောက် (၃) နှစ်အကြာ ဂစ်(ဘ်)ဆင် ကွယ်လွန်သော်လည်း သူ့မိသားစုကပင် ကလပ်အသင်းကို ပိုင်ဆိုင်ထားသည်။

၂၀⁠၀၅-ခုနှစ်တွင် အမေရိကန်သူဌေး ဂလေဇာ မိသားစုက အသင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်သွားသည်။

Remove ads

သမိုင်းကြောင်း

၁၈၇၈-ခုနှစ်တွင် မန်ချက်စတာယူနိုက်တက် အသင်းကို Newton Heath မြို့ရှိ Lancashire and Yorkshire မီးရထား ဘူတာရုံ၏ Carriage and Wagon ဌာနမှ ဝန်ထမ်းများကထူထောင်ခဲ့သည်။ မူလအစက Newton Heath LYR Football Club လို့နာမည်ပေးခဲ့သော်လည်း ၁၉၀၂-ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် မန်ချက်စတာယူနိုက်တက်ဟု တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့သည်။

ဖာဂူဆန်လက်ထက် (၁၉၈၆ မှ ၂၀၁၃ ထိ)

နည်းပြ Atkinson ထုတ်ခံရပြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် သူ၏လက်ထောက်နည်းပြ Archie Knox တို့ ရောက်ရှိလာပြီး ထိုနှစ်တွင် အဆင့် (၁၁)ဖြစ် အဆုံးသတ်ခဲ့သည်။ ၁၉၈၇-၁၉၈၈ နှစ်တွင် ဒုတိယရရှိခဲ့သော်လည်း နောက်နှစ်တွင်မူ အဆင့် (၁၁)ဖြင့် အဆုံးသတ်ခဲ့ရသည်။ ၁၉၉၃-ခုနှစ်တွင် အမှတ်ပေးဖလားကို ၁၉၆၇-ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ၁၉၉၈-၁၉၉၉ ခုနှစ် ဘောလုံးရာသီသည် မန်ချက်စတာယူနိုက်တက်အတွက် အအောင်မြင်ဆုံးရာသီဖြစ်ခဲ့သည်။ အင်္ဂလန်ဘောလုံးသမိုင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် Premier League၊ FA ဖလားနှင့် Champion League ဖလားသုံးလုံး တစ်ပြိုင်တည်း ရသော အသင်းဖြစ်လာခဲ့သည်။

၂၀၁၀-၂၀၁၁ ဘောလုံးရာသီတွင် မန်ချက်စတာအသင်းသည် (၁၉)ကြိမ်မြောက် အမှတ်ပေးဖလားကို ရရှိပြီး ယခင်လစ်ဗာပူးလ် ဘောလုံးအသင်း ရယူထားခဲ့တဲ့ (၁၈)ကြိမ်မြောက် စံချိန်ကို ချိုးယူခဲ့ခြင်းဖြစ်သည်။

၂၀၁၂-၂၀၁၃ ဘောလုံးရာသီတွင် မန်ချက်စတာအသင်းသည် (၂၀)ကြိမ်မြောက် အမှတ်ပေးဖလားကို ရယူခဲ့ပြီး စံချိန်သစ်တင်ခဲ့သည်။

Remove ads

ထောက်ခံအားပေးမှု

မန်ချက်စတာယူနိုက်တက် အသင်းသည် ကမ္ဘာပေါ်တွင် အိမ်ကွင်းပရိသတ် အများဆုံးနှင့်အတူ ရေပန်းအစားအဆုံး ဘောလုံးကလပ်တစ်ခုအဖြစ် လူသိများကျော်ကြားသည်။ အားကစားဆိုင်ရာ အကြံပေး အဖွဲ့အစည်းဖြစ်တဲ့ Deloitte ၏ ခန့်မှန်းချက်အရ မန်ချက်စတာယူနိုက်တက် အသင်းအား အားပေးသူ ၇၅သန်းကျော်ရှိပြီး တစ်ခြား အဖွဲ့အစည်း ခန့်မှန်းချက်အရ သန်း ၃၃၃ ကျော်ရှိကြောင်း သိရှိရသည်။

ပထမ အသင်းလူစာရင်း

As of 30 August 2016[၁၆][၁၇][၁၈]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

နောက်ထပ် အချက်အလက်များ No., နေရာ ...

အငှား

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

နောက်ထပ် အချက်အလက်များ No., နေရာ ...
Remove ads

မန်ချက်စတာယူနိက်တက်အသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၂၀) ကြိမ် (၁၉၀၈၊ ၁၉၁၁၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၁၁) ကြိမ် (၁၉၀၉၊ ၄၈၊ ၆၃၊ ၇၇၊ ၈၃၊ ၈၅၊ ၉၀၊ ၉၄၊ ၉၆၊ ၉၉၊ ၂၀၀၄။၂၀၁၆)
  • ကားလင်းဖလား − (၅) ကြိမ် (၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀၊၂၀၂၃)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၂၀) ကြိမ် (၁၉၀၈၊ ၁၉၁၁၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၇၇၊ ၁၉၈၃၊ ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၇၊ ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၆)
  • ချန်ပီယံလိဂ်ဖလား − (၃) ကြိမ် − (၁၉၆၈၊ ၁၉၉၉၊ ၂၀၀၈)
  • ဥရောပရှုံးထွက်ဖလား − (၁) ကြိမ် (၁၉၉၁)
  • ဥရောပစူပါဖလား − (၁) ကြိမ် (၁၉၉၁)
  • ဖီဖာကလပ်ကမ္ဘာ့ဖလား - (၁) ကြိမ် (၂၀၀၈)
Remove ads

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads