မယိမ်တက်
From Wikipedia, the free encyclopedia
Remove ads
မယိမ်တက် (ခေါ်) မအိမ်တက် ပွဲအခမ်းအနားသည် ရခိုင်တိုင်း သံတွဲမြို့နယ်တွင် ရှေးနှစ်ပေါင်း များစွာကပင် အစဉ်အလာ တည်ရှိခဲ့သော လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ရိုးရာယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်။
ဝေါဟာရ အဓိပ္ပာယ်
မယိမ်တက် စကား ဝေါဟာရ မှာ "မယားအိမ်တက်"၊ "မအိမ်တက်"ဟူသော စကား အသုံးအနှုန်းမှ ပြောင်းလဲခေါ်တွင်လာသည့် ဝေါဟာရ စကားအသုံးအနှုန်း တစ်ရပ်ဖြစ်သည်။ ၎င်းကို "မယားအိမ်တက်" ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြသေးသည်။
မူလစကား မယားအိမ်တက်ကို မယအိမ်တက်၊ မယိမ်တက် ဟူ၍ သံတွဲနယ်မှ ရခိုင်များမှ အသံထွက်လေ့ရှိကြသည်။ ထို့အတူ မယားအိမ်တက် ဟူသော စကားအသုံးအနှုန်းကိုလည်း "မယိမ်တက်"ဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းလည်း ရှိကြပေသည်။ မ´အိမ်တက်ဟူ၍ မ´စကားလုံးနှင့် ယိမ်စကားလုံးကို ခွဲ၍ ရွတ်ဆိုသည့် အသံထွက်မျိုး လုံးဝမဟုတ်ပါ။ မယိမ်တက်ဟူ၍သာ ခေါ်ဝေါ်သည်။
ထို့ကြောင့် မယိမ်တက်အခမ်းအနားသည် ထိမ်းမြားမင်္ဂလာပြုခြင်း ရိုးရာဓလေ့တွင် သတို့သား ယောက်ျားဖြစ်သူသည် မယားလောင်း (ဝါ) ဇနီးလောင်း သတို့သမီးအိမ်သို့ တက်ရောက်လက်ထပ်ရသည့် အခမ်းအနားပင် ဖြစ်သည်။
Remove ads
မယိမ်တက် အခမ်းအနားဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းများ
မယိမ်တက်အခမ်းအနားသည် ရခိုင်ရိုးရာ လက်ထပ်ထိမ်းမြားခြင်း ဓလေ့ထုံးတမ်း၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads