မယ်ဒန်မြို့

From Wikipedia, the free encyclopedia

မယ်ဒန်မြို့
Remove ads

မယ်ဒန်မြို့ သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြာပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဆူမတြာကျွန်း၏ ဒေသတွင်း အချက်အချာဌာန နှင့် ငွေကြေးဆိုင်ရာဌာနလည်း ဖြစ်သည်။ ဂျကာတာမြို့ဆူရာဘာယားမြို့ နှင့် မာကတ်ဆာမြို့တို့နှင့် အတူ အင်ဒိုနီးရှား၏ ဗဟို ၄ မြို့ အဖြစ် သတ်မှတ်ကြသည်။[][] မြို့တော် နယ်နိမိတ်အတွင်း လူဦးရေ ၂.၂ သန်း ရှိပြီး[] မြို့ပြဧရိယာတွင် လူဦးရေ ၃.၄ သန်း ရှိသဖြင့် အင်ဒိုနီးရှားတွင် စတုတ္ထမြောက် အကြီးဆုံး မြို့ပြဒေသ ဖြစ်သည်။[]မယ်ဒန် မက်ထရိုပိုလစ်တန် ဒေသတွင် အနီးအနားရှိ ဘင်ဂျိုင်း နှင့် ဒေလီဆာဒန်း ခရိုင်တို့ အပြင် ကာရိုခရိုင်၏ တစိတ်တဒေသ ပါဝင်ပြီး ဂျားဗားကျွန်း၏ အပြင်ဘက်တွင် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသ ဖြစ်ကာ ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ နေထိုင်သူ ၄,၂၂၀,၄၃၉ ဦး ရှိသည်။[] မယ်ဒန်သည် ယဉ်ကျေးမှုပေါင်းစုံသော မက်ထရိုပိုလစ် မြို့တော် နှင့် စည်ကားသော ကုန်သွယ်ရေးမြို့ ဖြစ်ပြီး မလက်ကာ ရေလက်ကြား နှင့် ထိစပ်နေသည်။ အင်ဒိုနီးရှား အနောက်ပိုင်းသို့ ဝင်ပေါက်ဖြစ်ပြီး ဘယ်လာဝမ် ဆိပ်ကမ်း နှင့် ကွာလာနာမူး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ရှိပြီး ဆိပ်ကမ်းနှင့် လေဆိပ်မှ မြို့လယ်ခေါင်သို့ အခပေး အမြန်လမ်း နှင့် ရထားလမ်းတို့ ဖြင့် ဆက်သွယ်ထားသည်။

Thumb
မယ်ဒန်မြို့မြင်ကွင်း


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads