မယ်ဒီချီ စံအိမ်များ
From Wikipedia, the free encyclopedia
Remove ads
မယ်ဒီချီ စံအိမ်များ သည် အီတလီနိုင်ငံ တပ်စ်ကေးနီပြည်နယ်တွင် တည်ရှိသော ကျေးလက် အဆောက်အဦးများ ဖြစ်ပြီး ၁၅ ရာစု နှင့် ၁၇ ရာစုကြားတွင် မယ်ဒီချီ မိသားစုဝင်များမှ ပိုင်ဆိုင်ခဲ့သော အဆောက်အဦးများ ဖြစ်သည်။ ထိုစံအိမ်များအား မယ်ဒီချီ မိသားစု၏ ကျေးလက် နန်းတော်များ အဖြစ် သူတို့ အုပ်စိုးရာ နယ်မြေများ တလျှောက် ဖြန့်ကျက်လျှက် တည်ရှိပြီး သူတို့၏ ဩဇာနှင့် ကြွယ်ဝမှုကို ဖော်ပြနေကြသည်။ သူတို့သည် ပိုင်ရှင်များ၏ အားလပ်ချိန်များတွင် အပန်းဖြေရာ နေရာများ အဖြစ်လည်း တည်ရှိပြီး ပုံမှန်အားဖြင့် ပတ်ဝန်းကျင်နေရာများတွင်ရှိသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၏ ဗဟိုဌာန အဖြစ် တည်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် မယ်ဒီချီ စံအိမ်များအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်း ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads