မလာဖြစ်ဂူဘုရား

From Wikipedia, the free encyclopedia

Remove ads

မလာဖြစ်ဂူဘုရား (ဘုရားအမှတ် ၆၆၄) သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသော ဂူဘုရားတစ်ဆူ ဖြစ်သည်။

နာရသီဟပတေ့ဘုရား၏ အနောက်မြောက်ဘက် (သို့မဟုတ်) သိင်္ဃသူသမီးကျောက်စာရုံ၏ အနောက်ဘက်တည့်တည့် အနည်းငယ်အလှမ်းဝေးသော နေရာတွင် မလာဖြစ်ဂူဘုရား တည်ရှိသည်။ ဘုရား၏ အနောက်မြောက်ဘက်တည့်တည့်တွင် အုတ်ကျောင်းပျက်ကြီး တစ်ဆောင် ရှိသည်။

ဂူအတွင်းရှိသော ကျောက်စာအရ သက္ကရာဇ် ၆၃၆ခုတွင် တရုတ်ပြေးမင်း၏ အမတ်တျာသည် ဤမြေအရပ်တွင် တံတိုင်း၊ ဂူဘုရား၊ ကျောင်းကြီး၊ တန်ဆောင်း၊ ကပ္ပိယကုဋီ စသောအဆောက်အအုံများတည်ဆောက်ကြောင်း သိရလေသည်။

၎င်းကျောက်စာ၌ "တကာကြီး မ္လပြစ်" ဟုပါရှိသောကြောင့် ထိုအမတ်တျာ၏ အမည်မှာ မ္လပြစ် (မလပြစ်) ဟု ယူဆပြီး ဘုရား၏ ဘွဲ့အမည်ကိုလည်း "မလပြစ်"၊ ယင်းမှ ကာလကြာသောအခါ မလာဖြစ် ဂူဘုရားဟု ခေါ်ဝေါ်ခဲ့ကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads