မဟဒ္ဓနသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ်ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် များသောဥစ္စာရှိကုန်သော များသောအသုံးအဆောင်ရှိကုန်သော နိုင်ငံပိုင်ရှင် ဘုရင်မင်းမြတ်တို့သော်လည်း ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်ကုန်သည်ဖြစ်၍ အချင်းချင်း အလွန်တပ်မက်မောကြကုန်၏။
ဤလောက၌ ကြောင့်ကြကုန်သော ဘဝအယဉ်သို့ အစဉ်လိုက်ကုန်သော ထိုသူတို့တွင် အဘယ်ပုဂ္ဂိုလ်တို့သည် တပ်မက်မှု“တဏှာ”ကို ပယ်စွန့်ကုန်သနည်း၊ လောက၌ ကြောင့်ကြမှုမရှိကုန်သနည်းဟု မေးလျှောက်အပ်သော နတ်သား၏အမေး ပုစ္ဆာပြဿနာကို
အိမ်ရာတည်ထောင်သောဘဝကိုပယ်စွန့်၍ ချစ်အပ်သောသားသမီးကို လည်းကောင်း၊ နွားအစရှိသော သတ္တဝါကိုလည်းကောင်း ပယ်စွန့်၍ တပ်မက်မှု “ရာဂ”ကိုလည်းကောင်း၊ အမျက်ထွက်မှု “ဒေါသ”ကိုလည်းကောင်း ပယ်စွန့်၍ မသိမှု “အဝိဇ္ဇာ”ကိုလည်း ကင်းပြတ်စေ၍ ရှင်ရဟန်းပြုကြကုန်၏။ အာသဝေါကုန်ပြီးသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြမရှိကြကုန်ဟု ဘုရားရှင်တော် မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ဂုဏအဝေစ္စပသာဒ, အရိယကန္တ၊ အခဏ္ဍ၊ အဆိဒ္ဒ၊ အသဗလ၊ သမာဓိ သံဝတ္တနိက သီလသမန္နာဂတ-ဟူသော တရားလေးပါးနှင့်ပြည့်စုံသော အရိယသာဝကကို အဍ္ဎ၊ မဟဒ္ဓန၊ မဟာဘောဂ-ဟုဆိုအပ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အထက်သုတ်တော်အတိုင်း တရားလေးပါးတို့နှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို အဍ္ဎ၊ မဟဒ္ဓန၊ မဟာဘောဂ၊ မဟာယသ-ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်၏ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads