မဟာကောဋ္ဌိကသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အရှင်မဟာကောဋ္ဌိကသည် သဿတဝါဒ၊ ဥစ္ဆေဒဝါဒ၊ ဧကစ္စသဿတဝါဒ၊ အမရာဝိက္ခေပဝါဒနှင့်ဆက်စပ်နေသော ပြဿနာလေးချက်ကို အရှင်သာရိပုတ္တရာထေရ်အား မေးလျှောက်သည်ကို အရှင်သာရိပုတ္တရာထေရ် “မာ ဧဝံ= ငါ့ရှင် ဤသို့ မဆိုသင့်”ဟု ပယ်ချတော်မူပါသည်။ အရှင်ကောဋ္ဌိကထေရ်၏ ပယ်ချပုံကို မေးလျှောက်ခြင်းကြောင့်

(၁) “ငါ့ရှင်-တွေ့ထိခြင်း၏တည်ရာ ဖဿာယတနခြောက်ပါးတို့ အကြွင်းမဲ့ကင်းခြင်း၊ ချုပ်ခြင်းကြောင့် အခြား(ကိလေသာ)တစ်စုံတစ်ရာသည်ရှိ၏”ဟု ပြောဆိုသောသူသည် (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မချဲ့သင့်သောအရာကို ချဲ့၏။

ငါ့ရှင်-တွေ့ထိခြင်း၏တည်ရာ ဖဿာယတနခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း၊ ချုပ်ခြင်းကြောင့် အခြား(ကိလေသာ)တစ်စုံတစ်ရာမရှိ-ဟု ပြောဆို သောသူသည် မချဲ့သင့်သောအရာကို (ပပဉ္စတရားတို့ဖြင့်)ချဲ့၏။

(၃) ငါ့ရှင်-တွေ့ထိခြင်း၏တည်ရာ ဖဿာယတနခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း၊ ချုပ်ခြင်းကြောင့် အခြားကိလေသာတစ်စုံတစ်ရာ ‘ရှိလည်းရှိ၏။ မရှိလည်းမရှိ”ဟု ပြောဆိုသောသူသည် မချဲ့သင့်သောအရာကို ချဲ့၏။

(၄) ငါ့ရှင်-တွေ့ထိခြင်း၏တည်ရာ ဖဿာယတနခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း၊ ချုပ်ခြင်းကြောင့် အခြား(ကိလေသာ)တစ်စုံတစ်ရာရှိသည်လည်း မဟုတ်၊ မရှိသည်လည်းမဟုတ်”ဟု ပြောဆိုသောသူသည် မချဲ့သင့်သော အရာကို ချဲ့၏။

ငါ့ရှင်-တွေ့ထိခြင်း၏တည်ရာ ဖဿာယတနခြောက်ပါးတို့၏ ဖြစ်ခြင်းနှင့် အမျှ (သံသရာကိုချဲ့တတ်သော တဏှာ-မာန-ဒိဋ္ဌိဟုဆိုအပ်သော) ပပဉ္စတရား၏ ဖြစ်ခြင်းသည်ရှိ၏။ ပပဉ္စတရား၏ဖြစ်ခြင်းနှင့်အမျှ တွေ့ထိခြင်း၏တည်ရာ ဖဿာယတန ခြောက်ပါးတို့၏ဖြစ်ခြင်းသည် ရှိ၏။ ငါ့ရှင့် တွေ့ထိခြင်း၏တည်ရာ ဖဿာယတန ခြောက်ပါးတို့၏ အကြွင်းမဲ့ကင်းခြင်း၊ ချုပ်ခြင်းကြောင့် (သံသရာကိုချဲ့တတ်သော တဏှာ, မာန, ဒိဋ္ဌိ-ဟုဆိုအပ်သော) ပပဉ္စတရားတို့၏ချုပ်ခြင်းသည် ဖြစ်၏။ ပပဉ္စတရားတို့၏ငြိမ်းခြင်းသည်ဖြစ်၏ဟု အရှင်သာရိပုတ္တရာထေရ်က အရှင်မဟာ ကောဋ္ဌိကထေရ်အား ဖြေကြားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads