မဟာဂေါဝိန္ဒသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် ပဉ္စသီခနတ်သားရောက်လာပြီး တာဝတိံသာနတ်သဘင်၌ နတ်တို့ထံမှ ကြားသိရသောစကားကို ဘုရားရှင်အားလျှောက်ထားပါသည်။ မဟာပဝါရဏာ နေ့၌ သုဓမ္မာနတ်သဘင်အစည်းအဝေး၌ နတ်မင်းကြီးများနှင့် နတ်တို့နေရာယူကြပုံ သာသနာတော်အတွင်း နတ်ပြည်ရောက်လာကြသောနတ်တို့ အခြားနတ်များထက် အဆင်း, အခြံအရံအားဖြင့် သာလွန်တင့်တယ်ကြပုံ၊ တာဝတိံသာနတ်ပြည်၌ နတ်များ တိုးပွားလာခြင်းကြောင့် နတ်သိကြားတို့ဝမ်းသာကြပုံ၊ သိကြားမင်းက တာဝတိံသာ နတ်တို့အား “မောဒန္တိဝတ အစရှိသော လေးဂါထာဖြင့် တာဝတိံသာနတ်တို့ဝမ်းမြောက် ပျော်ရွှင်မှုကိုပြောကြားပုံ၊ ဘုရားရှင်၏ ဟုတ်မှန်ထင်ရှားသော ဂုဏ်တော်ရှစ်ပါးကို ချီးကျူးပြောကြားပုံ၊ လောကဓာတ်တစ်ခုတည်း၌ ဘုရားရှင်နှစ်ဆူ ပွင့်ရိုးမရှိပုံ၊ သနင်္ကုမာရဗြဟ္မာကြွလာပုံ “မောဒန္တိဝတ အစရှိသော လေးဂါထာဖြင့် တာဝတိံသာ နတ်တို့ အနုမောဒနာပြုပုံ၊ သိကြားမင်းထံမှ ဘုရားရှင်၏ ယထာဘုစ္စဝဏ္ဏဂုဏ်တော်များကို နာယူဝမ်းမြောက်ပုံ၊ သနင်္ကုမာရဗြဟ္မာ ကောင်းကင်၌ တင်ပလ္လင်ခွေထိုင်လျက် မဟာဂေါဝိန္ဒ ဗြာဟ္မဏဝတ္ထုကိုဟောကြားပုံ (ဒီ၊၂၊၁၈၆-၂၀၁)ကို လျှောက်ထားပြီး မြတ်စွာဘုရား အမှတ်ရတော်မူပါဟု လျှောက်ထား၏။

ပဉ္စသီခ ငါဘုရား အမှတ်ရတော်မူ၏။ ထိုအခါက ဂေါဝိန္ဒပုဏ္ဏားသည် ငါဘုရားပေတည်း၊ သာဝကတို့အား ဗြဟ္မာပြည်ရောက်ကြောင်း လမ်းကြောင်းကို ဟောကြားတော်မူခဲ့ပြီ။ ထိုလမ်းကြောင်းသည် ဗြဟ္မာပြည်သို့ရောက်နိုင်သော်လည်း နိဗ္ဗာန်အလို့ငှာမဖြစ်။ အရိယမဂ္ဂင်ရှစ်ပါးသည်သာ နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်း ဖြစ်ပုံ၊ ရဟန်းပြုခြင်းအကျိုးရှိပုံတို့ကို ရှင်းလင်းဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် အကျယ်ဖွင့်ဆိုထားပါသည်။ []


ရှေးခေတ် ဣန္ဒိယပြည် ရာဇဝင်ကြောင်းနှင့် ပထဝီကြောင်းဘက်ကနေ၍ ကြည့်ပါမူ ဤသုတ် သည် အထူးအရေးကြီးသောသုတ်တခု ဖြစ်သည်။ ဤသုတ်တွင် နိဗ္ဗာန်နှင့် နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်းလမ်းစဉ်ကို ဆွေးနွေးထားရုံမျှမက ခုနှစ်ယောက်သော ဇနီးမယားတို့နှင့်အတူ မဟာဂေါဝိန္ဒသည် များလှစွာသော အခြွေအရံတို့နှင့် တောထွက်ပုံ အကြောင်းကိုလည်း ဖော်ပြထားသည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads