မဟာဒွါရဂိုဏ်း

From Wikipedia, the free encyclopedia

Remove ads

သက္ကရာဇ် ၁၂၁၄ခုနှစ်တွင် ဧရာဝတီတိုင်းဗြိတိသျှအစိုးရလက်ထက်အုတ်ဖိုမြို့(ယခုအင်္ဂပူမြို့)မှဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့်အငြင်းပွားခဲ့သည်။ အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ ကာယကံ၊၀စီကံ၊မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊၀စီဒွါရ၊မနောဒွါရဟု ဒွါရဖြင့်ရှိခိုးမှ မှန်ကန်သည်ဟု အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။ (ယခုထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊၀စီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)

ဇိနတ္တပကာနီကျမ်းပြုကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန် ကြောင်းငြင်းခုံခဲ့သည်။ ထို့ကြောင့်အောက်မြန်မာနိုင်ငံ၌ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ ယင်းဒွါရဂိုဏ်းသည်

Remove ads

မဟာဒွါရဂိုဏ်း

ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများလက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ်လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော် တစ်ရက်ရောက်မှ လပြည်ြသည်။ လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟုဆို၍ (၁၅)ရက် တစ်ကြီမ်လပြည့်၊လကွယ်သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်းကိုဆောင်ရွက်သည်။ အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့်ရွှေကျင်ဂိုဏ်းဝင်သံဃာများသည် လပြည့်၊လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြသော်လည်း ဒွါရဆရာတော်ကြီးနှင့်တပည့်များသည် လပြည့်ကျော် (၁) ရက်နေ့နှင့် လဆန်း(၁)ရက်နေ့ရောက်မှသာ သိမ်ဝင်ဥပုသ်ပြုကြသည်။ အုတ်ဖိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင်ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ)ဟူသောမြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို အစိုးရမင်းတို့၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟူသော ဒေသနာအရ ဒွါရဂိုဏ်းဝင် သံဃာတော်အများစုသည်အများနည်းတူ လပြည့်နေ့နှင့်လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြသည်။ ယင်းဒွါရဂိုဏ်းမှာ အခြားသောဒွါရဂိုဏ်းများထက် သံဃာအရေအတွက်များပြားသောကြောင်. မဟာဒွါရဂိုဏ်းဟု ခေါ်ကြသည်။ ဤဂိုဏ်း၏အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဂိုဏ်း) ဖြစ်သည်။

  • ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော
  • မဟာ = သံဃာများပြားသော
  • ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင့်ရှိခိုးသော)၊
  • နိကာယ = သံဃာ့အစုအဝေး ( ဖြစ်သည်။ )
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads