မဟာပထဝီသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့ ယောက်ျားသည် ဆီးစေ့ခန့်မျှ မြေကြီးခဲ ခုနစ်ခဲကို မြေကြီးပေါ်၌ချထားရာ၏။ ဆီးစေ့ခန့်မျှ မြေကြီးခဲ ခုနစ်ခဲင့် မဟာပထဝီမြေကြီးတို့ ဘယ်ဟာကပိုများသနည်းဟု မေးတော်မူ၏။ ရဟန်းတို့က “မြေကြီးကပိုများပါ၏၊ ဆီးစေ့ခန့်မျှမြေကြီး ခုနစ်ခဲက ရေတွက်ရန် နှိုင်းယှဉ်ရန် အစိတ်အပိုင်းသို့လည်း မရောက်ပါ”ဟု လျှောက်ထားကြပါသည်။
ရဟန်းတို့၊ ဤအတူပင် မဂ်ဉာဏ်နှင့်ပြည့်စုံသော သစ္စာကိုထိုးထွင်းသိပြီးသော အရိယာသာဝက၏ ကုန်ဆုံးပြီးသော ရှေးဆင်းရဲအစုကိုထောက်ဆ၍ သတ္တက္ခတ္တုပရမ သောတာပန်၏ဆင်းရဲသည် မရေတွက်လောက် မနှိုင်းယှဉ်လောက် အစိတ်အပိုင်းသို့လည်းမရောက်နိုင်။ ယင်းပုဂ္ဂိုလ်သည် သစ္စာလေးပါးကို ဟုတ်တိုင်း မှန်စွာ သိပေ၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ သစ္စာလေးပါးကိုသိရန် အားထုတ်ရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ရဟန်းတို... မြေကြီးသည် ဆီးစေ့ခုနစ်စေ့ခန့်မျှသာကြွင်းကျန်၍ ကုန်ဆုံးခြင်းသို့ရောက်ရာ၏။ ကုန်ဆုံးသွားသောမြေကြီးနှင့် ဆီးစေ့ခုနစ်စေ့ခန့်ကြွင်းကျန်နေသော မြေကြီးတို့ ဘယ်ဟာက သာ၍များပါသနည်း။ မြတ်စွာဘုရား-ကုန်ဆုံးသွားသောမြေကြီး ပို၍ များပါသည်။ ကြွင်းကျန်နေသော ဆီးစေ့ခုနစ်စေ့ခန့်မြေကြီးသည် မပြောပ မရေတွက် မနှိုင်းယှဉ် တိုင်းတာ၍မရပါ။ အစိတ်အပိုင်းမျှသို့ပင်မရောက်ပါ။
ရဟန်းတို့၊ ထို့အတူ ထို့ကြောင့် ဤသာသနာတော်၌ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် အားထုတ်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads