မဟာဗုဒ္ဓဝင်

From Wikipedia, the free encyclopedia

Remove ads

မဟာဗုဒ္ဓဝင် (အင်္ဂလိပ်: Mahabuddhavamsa or Great Chronicle of Buddhas) သည် မင်းကွန်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသပြုစုခဲ့သော ကျမ်းစားတွဲကြီးတစ်ခုဖြစ်သည်။ ဤစာပေလက်ရာတွင် ဂေါတမဗုဒ္ဓ၊ ယခင်ပွင့်တော်မူခဲ့သော ဗုဒ္ဓများအကြောင်း၊ တပည့်သာဝက ရဟန်းများ၊ လူပုဂ္ဂိုလ်များ၊ ၎င်းတို့၏ အတိတ်ဘဝများအကြောင်း စသည်တို့ပါဝင်သည်။

အချက်တိုများ စာရေးသူ, ဘာသာပြန်သူ ...
Remove ads

သမိုင်းကြောင်း

ထိုစဉ်က မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနှင့် ဗုဒ္ဓသာသနာ့အဖွဲ့တို့၏ လျောက်ထားပန်ကြားမှုအရ ဗုဒ္ဓဖြစ်စဉ် (သို့) မဟာဗုဒ္ဓဝင်ကို ၁၉၅၅ တွင် စတင်ရေးသားခဲ့သည်။ ဤမဟာဗုဒ္ဓဝင်သည် ဆရာတော်၏ အထူးထင်ရှားသော စာပေလက်ရာတစ်ခုပင်ဖြစ်သည်။[] ပထမတွဲကို ၁၉၆၀ မှစ၍ ဆဋ္ဌမတွဲ (ဒုတိယပိုင်း) ကို ၁၉၇၂ တွင် ပထမဆုံးအကြိမ်အနေဖြင့် ထုတ်ဝေခဲ့ကြသည်။ အကြိမ်များစွာလည်း ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်များဖြစ်သည်။ တိနိအဖွဲ့၏ အင်္ဂလိပ်ဘာသာပြန်မူကို ဦးကိုလေးနှင့် ဦးတင့်လွင်တို့က ပထမတွဲမှစ၍ နောက်ဆုံးတွဲထိ ပြုစုဘာသာပြန်ဆိုခဲ့ကြသည်။

Remove ads

ဖွဲ့စည်းပါဝင်မှု

အတွဲအနေဖြင့် (၆) တွဲဖြစ်၍ စာအုပ်အနေဖြင့် (၈) အုပ်ဟူ၍ သတ်မှတ်စီစဉ် ထုတ်ဝေခဲ့သည်။ ထုတ်ဝေရာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံခေတ် သာသနာရေးဦးစီးဌာနမှ တာဝန်ယူရိုက်နှိပ်ထုတ်ဝေခဲ့သည်။[] [] []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads