မဟာမောဂ္ဂလ္လာနသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်ထေရ်တို့ ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေကြစဉ် အရှင်သာရိပုတ္တရာထေရ်က မေးလျှောက်သဖြင့် “မိမိသည် ဒုက္ခာပဋိပဒါ ခိပ္ပါဘိညာဖြင့် အာသဝတို့မှ စိတ်လွတ်မြောက်ပုံကို အရှင်မဟာမောဂ္ဂလာထေရ်က ဖြေကြားလျှောက်ထားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်မဟာမောဂ္ဂလာနထေရ် တစ်ပါးတည်းကိန်းအောင်စဉ် “အဘယ်နတ်တို့အား” သောတာပန္နာ နာမ အဝိနိပါတဓမ္မာ နိယတာ သမ္ဗောဓိပရာယဏာ”ဟု ဤသို့သော ဉာဏ်အမြင် ဖြစ်လေသနည်း။ အကြံအစည်ဖြစ်တော်မူပြီး ဗြဟ္မာဘုံသို့ ကြွသွားတော်မူပါသည်။

ဗြဟ္မာပြည်၌ တိဿဗြဟ္မာက အရှင်မောဂ္ဂလာန်ထေရ်အား ပင့်ဖိတ်ပြီး နေရာပေးပါသည်။

အရှင်မောဂ္ဂလာန်ထေရ်က တိဿဗြဟ္မာအား မိမိ၏ အကြံအစည်ကိုမေးလျှင် တိဿဗြဟ္မာက ရတနာသုံးပါး၌ မတုန်မလှုပ် ကြည်ညိုကြသော အရိယကန္တသီလ ရှိသော နတ်တို့သည်သာ ဤကဲ့သို့သော အသိဉာဏ်ဖြစ်ကြပုံ။

ရတနာမြတ်သုံးပါးကို မကြည်ညို။ အရိယာကန္တ သီလမရှိသောနတ်တို့အား ထိုသို့သိမြင်တတ်သောဉာဏ်မရှိပုံကို နတ်ပြည်ခြောက်ထပ်အလိုက် ဖြေကြားလျှောက်ထားသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်၏အနီး အနား၌ မိမိ၏အဇ္ဈတ္တသန္တာန်၌ ကာယဂတာသတိဖြင့်ထင်စေလျက် ထိုင်နေသော အရှင်မဟာမောဂ္ဂလာန်ထေရ်ကို မြင်တော်မူသဖြင့် “သတိကာယဂတာ ဥပဋ္ဌိတာ” အစရှိသော ဂါထာဖြင့် ဥဒါန်းကျူးရင့်တော်မူသည့်သုတ်။

အဋ္ဌကထာ၌ အကျယ်ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads