မဟာမြတ်မုနိဘုရား (ကျိုင်းတုံမြို့)
From Wikipedia, the free encyclopedia
Remove ads
မဟာမြတ်မုနိဘုရား (Wat Phra Sao Luang ဟုလည်း သိကြ) သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် တည်ရှိသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ဤဘုရားသည် မန္တလေးရှိ မဟာမြတ်မုနိဘုရား၏ ပုံစံကို ကူးယူကာ တည်ဆောက်ထားသဖြင့် ထင်ရှားသည်။
ဤရုပ်ပွားတော်ကို ၁၉၂၀ ခုနှစ်တွင် Wat Zaing Ngarm ၏ ကျောင်းထိုင်နှင့် ကျိုင်းတုံနယ် စော်ဘွား စဝ်ကွမ်ကျောက်အင်းတလိုင်း တို့က တည်ထားကိုးကွယ်ခဲ့သည်။ မန္တလေးရှိ မဟာမြတ်မုနိပုံစံတူ ရုပ်ပွားတော်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဦးသစ်နှင့် သူ၏ အလုပ်သမားတို့သည် သွန်းလုပ်ခဲ့ကြသည်။ ရုပ်ပွားတော်ကို ၁၉၂၆ ခုနှစ်တွင် ကျိုင်းတုံမြို့နယ်အလယ်ရှိ ကျောင်းတော်အသစ်တစ်ခုတွင် ထားရှိခဲ့သည်။[၁]
မန္တလေးရှိ ရုပ်ပွားတော်ကြီးနှင့် တူစေရန် မျက်နှာတော်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ မျက်နှာတော်ကို ပွတ်တိုက်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ရသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads