From Wikipedia, the free encyclopedia
မဟာရာဇဝင်သစ် သည် မြန်မာရာဇဝင်ကျမ်း တစ်ခု ဖြစ်သည်။ တောင်ငူခေတ် ရာဇဝင်ကျမ်းဖြစ်သော မဟာရာဇဝင်ကြီး ၏ တိကျမှုကို စစ်ဆေးရန်နှင့် အသစ်ဖြည့်စွက်ရန်အတွက် ကုန်းဘောင်ခေတ်တွင် စတင်ပြုစုခဲ့ပြီး ၁၇၉၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေးသားသူ တွင်းသင်းတိုက်ဝန် မဟာစည်သူအနေဖြင့် ၁၇၈၃ ခုနှစ်နှင့် ၁၇၉၃ ခုနှစ်အကြားတွင် တိုင်းပြည်တစ်ဝှမ်း စုဆောင်းတွေ့ရှိရသော ကျောက်စာပေါင်း ၆၀၀ ကျော်နှင့် ရှိနှင့်ပြီး မှတ်တမ်းများစွာတို့နှင့် စစ်ဆေးတိုက်ဆိုင်ခဲ့ရသည်။[2] ယင်းသည် အရှေ့တောင်အာရှတွင် ကျောက်စာမှတ်တမ်းများနှင့် ညှိနှိုင်းတိုက်ဆိုင်ကာ ပြုစုထားသော ပထမဆုံး သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သည်။[3]
စာရေးသူ | တွင်းသင်းတိုက်ဝန် မဟာစည်သူ |
---|---|
နိုင်ငံ | မြန်မာ့ဘုရင်နိုင်ငံတော် |
ဘာသာစကား | မြန်မာ |
အတွဲ | မြန်မာရာဇဝင်ကျမ်းများ |
အမျိုးအစား | ရာဇဝင်၊ သမိုင်း |
ထုတ်ဝေသည့်ရက် | ၁၇၉၈[1] |
ယခင်စာအုပ် | မဟာရာဇဝင်ကြီး |
နောက်ထွက်စာအုပ် | မှန်နန်း ရာဇဝင် |
မဟာရာဇဝင်သစ်ကျမ်းတွင် ၁၇၈၅ ခုနှစ်အထိ ဖြစ်ရပ်များ ပါဝင်ပြီး ယခင် ရာဇဝင်ကျမ်းများ၏ မှားယွင်းမှုများကို ပြင်ဆင်ထားခြင်းများနှင့် ယခင်ကျမ်းများအား ဝေဖန်ထားမှုများ ပါဝင်သည်။ သို့သော်လည်း ယခင်ရာဇဝင်ကျမ်းများအား ပြင်းထန်စွာ ဝေဖန်ထားမှုများကြောင့် ဘုရင်နှင့် နန်းတော်လွှတ်ရုံးတို့မှ လက်မခံခဲ့ပေ။[4] ထို့ကြောင့် အပယ်ခံ ရာဇဝင် ဟုလည်း ခေါ်ဆိုကြသည်။[5]
မည်သို့ပင်ဆိုစေ ကုန်းဘောင်ခေတ်၏ ပထမဆုံး အသိအမှတ်ပြု ရာဇဝင်ကျမ်းဖြစ်သော မှန်နန်း ရာဇဝင် သည် ၁၈၃၂ ခုနှစ်တွင် ပေါ်ထွက်လာခဲ့သည်။ ယင်းရာဇဝင်ကျမ်းတွင် မဟာရာဇဝင်သစ်ကျမ်း၏ ပြင်ဆင်ချက်များ၊ အထူးသဖြင့် ပုဂံခေတ်ဘုရင်များ၏ နန်းသက်ရက်စွဲများကို ပေါင်းစပ်ထည့်သွင်းထားသည်။[6]
မဟာရာဇဝင်သစ်ကျမ်းသည် ယနေ့အချိန်ထိ လူသိနည်းသော ကျမ်းတစ်စောင် ဖြစ်သည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.