မဟာသမုဒ္ဒသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ယောက်ျားသည် မဟာသမုဒ္ဒရာမှ ရေနှစ်စက် သုံးစက်တို့ ထုတ်လိုက်ရာ၏။ ထိုရေစက်တို့နှင့် မဟာ သမုဒ္ဒရာ၌ရှိသော ရေသည် အဘယ်ကများသနည်းဟု မေးတော်မူပါသည်။ မဟာ သမုဒ္ဒရာရေက များပါကြောင်း၊ ထုတ်လိုက်သော ရေနှစ်စက် သုံးစက်က ရေတွက် စရာပင် မဖြစ်ပါကြောင်း ရဟန်းတို့က လျှောက်ထားပါသည်။

ဤအတူ သစ္စာလေးပါးကို ထိုးထွင်း၍သိပြီးသော သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော အရိယသာဝက (သတ္တက္ခတ္တုပရမ)ပုဂ္ဂိုလ်၏ ကုန်ဆုံးပြီးသော ဆင်းရဲ ကသာ များပြားလှ၏။ ရှေးဆင်းရဲအစုကိုထောက်၍ အကျန်ဆင်းရဲသည် အနည်းငယ် မျှသာတည်း။

ထို့ကြောင့် သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်အောင် အားထုတ်ကြရ မည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ရဟန်းတို့ မဟာ သမုဒ္ဒရာရေသည် ရေနှစ်စက် သုံးစက်တို့ကိုသာ ကြွင်းကျန်စေ၍ ကုန်ခန်းခြင်းသို့ ရောက်လေရာ၏။ မဟာသမုဒ္ဒရာ၌ ကုန်ခန်းသွားသောရေနှင့် ကြွင်းကျန်သောရေ ဘယ်ကများသနည်းဟု မေးတော်မူရာ ကုန်ခန်းသွားသောရေက များပါကြောင်း ရဟန်းတို့ကလျှောက်ရာ အထက်သုတ်တော်အတိုင်း သစ္စာလေးပါးတရားသိရန် အားထုတ်ကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads