မဟာသုဒဿနသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် မလ္လနိုင်ငံ ကုသိနာရုံမြို့တော်အနီး မလ္လာမင်းတို့၏အင်ကြင်းတော၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ ဟောတော်မူသည့်သုတ်။
ဤသုတ်တော်၌ ကုသာဝတီနေပြည်တော်, မဟာသုဒဿနမင်း၏ ရတနာ ခုနစ်ပါး၊ တန်ခိုးလေးမျိုး၊ ဓမ္မပြာသာဒ်နှင့် ဓမ္မရေကန်တော်, ဈာန်ရရှိတော်မူခြင်း၊ ဗြဟ္မဝိဟာရ ဘာဝနာလေးမျိုး ပွားများပုံ၊ မြို့တော်နှင့်တကွ မင်းစည်းစိမ်များ၊ သုဘဒ္ဒါ မိဖုရားကြီး ခစားခြင်း၊ နတ်ရွာစံကံတော်ကုန်၍ ဗြဟ္မာပြည်သို့လားရောက်ပုံ၊ သင်္ခါရ တရားတို့ကို ရှုဆင်ခြင်ရန်ဟောတော်မူပုံအကျယ်ကို ဟောတော်မူပါသည်။
အဋ္ဌကထာ, ဋီကာတို့ မှတ်သားဖွယ်များစွာ ဖွင့်ဆိုထားပါသည်။ [၂]
ဤသုတ်သည် မဟာသုဒဿနမင်းကြီ၏ ချမ်းသာကြွယ်ဝပုံနှင့် ကုသာဝတီ နေပြည်တော်ကြီး၏ တင့်တယ်ခမ်းနားပုံတို့ကို ဖော်ပြသောသုတ်ဖြစ်သည်။ ဤသုတ်ကို ဟောပြောရခြင်းအကြောင်းမှာ ဖြစ်လျှင်ပျက်တတ်သော သဘောတရားနှင့် အရာဝတ္ထုမှန်သမျှသည် အနိစ္စသဘောသာလျှင် ဖြစ်ကြောင်း ပြညွှန်ရန်နှင့် အမှန်တရားမှအပ အားလုံးသောအရာတို့သည် အချည်းနှီးပင်ဖြစ်ကြောင်း ထင်ရှားစေရန်ပင်ဖြစ်သည်။[၃]
မဟာသုဒဿနသုတ်၏ မြန်မာပြန်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဒီဃနိကာယ်
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads