မဟာအတုလဝေယန်ကျောင်းတော်ကြီး
From Wikipedia, the free encyclopedia
Remove ads
မဟာအတုလဝေယန်ကျောင်းတော်ကြီး(အတုမရှိကျောင်းဟုလည်းခေါ်ဆို)သည် မန္တလေးမြို့တွင် တည်ရှိသော ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်ပြီး မင်းတုန်းမင်းကြီးမှ နေပြည်တော်ကို မန္တလေးမြို့သို့ရွေ့ပြီး နှစ်နှစ်အကြာ ၁၈၅၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၁] ထိုကျောင်းတော်ကြီးကို ရူပီးငွေ ၅ သိန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။[၂]
မူလဘုန်းတော်ကြီးကျောင်းကို ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အင်္ဂတေအနုအမွမ်းများဖြင့် အပြင်မှ တန်ဆာဆင်ထားပြီး တမူထူးခြားသောလက်ရာအဖြစ် မြန်မာမူပြာသာဒ်ကို အဆင့်ဆင့် အချွန်းပုံစံဖြင့် တက်မသွားပဲ စတုရန်းပုံ လေးထောင့်စပ်စပ်ဖြင့် အဆင့်ဆင့် ငါးဆင့်တက်ကာ ဆောက်လုပ်ထားသည်။[၂]
၁၈၉၀ ခုနှစ်တွင် မန္တလေးမြို့ မီးလောင်ကျွမ်းစဉ်က ကျောင်းဆောင်တစ်ခုလုံးမီးခခဲ့ရပြီး ၃၀ ပေ (၉.၁ မီတာ) ဉာဏ်တော်အမြင့်ရှိသော မတ်ရပ်ရုပ်ပွားတော်ကြီးရောပါဝင်ခဲ့သည်။ မီးလောင်ကျွမ်းခဲ့စဉ်က ဗုဒ္ဓရုပ်ပွားတော်တွင် လှူဒါန်းထားသော ၁၉.၂ ကာရတ် (၃၂ ရတီ) ရှိသည့် စိန်တုံးကြီး(ဘိုးတော်ဘုရားအား ရခိုင်နယ်စား မဟာနော်ရထာ ဆက်သခဲ့သည့်)လည်း ပျောက်ဆုံးခဲ့သည်။[၂]

၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ အကျဉ်းသားလုပ်သားများဖြင့် မူလအတိုင်း ပြန်လည်ဆောက်လုပ်ခဲ့ကြသည်။[၁]

Remove ads
ပြခန်း
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads